LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)

07 March 2020
LIVE: လီဗာပူးလ် ၂-၁ ဘုန်းမောက် (Full-time)
Premier League March 07, 19:00

Liverpool
2-1 (FT)
Salah 25', Mane 33' Wilson 9'
Stadium: Anfield
84 Min

ဘုန်းမောက်အသင်းက ကွင်းလယ်လူ လာမာ ရဲ့ နေရာမှာ ဂေါ့စလင်း ကို လူစားလဲ ကစားစေလိုက်ပြီ ခင်ဗျာ။

82 Min

လီဗာပူးလ်အသင်းက (၂)ကြိမ်ဆက်တိုက် ထောင့်ကန်ဘော ကန်ခွင့်ရခဲ့တာပါ။ ဒါပေမယ့်လည်း ဘုန်းမောက်အသင်းရဲ့ နောက်ခံလူတွေက ထောင့်ကန်ဘောတွေကို တားဆီးရာမှာ တော်တော်လေး ကောင်းနေတယ် ခင်ဗျာ။

80 Min

ပွဲချိန် မိနစ် (၈၀)နားရောက်လာခဲ့ပြီ ဖြစ်ပေမယ့် လီဗာပူးလ်နည်းပြ ဂျာဂန်ကလော့ပ်ကတော့ လက်ရှိအချိန်အထိ လူစားမလဲသေးဘူး ခင်ဗျာ။ အရန်စာရင်းမှာ လယ်လာနာ ၊ မီနာမီနို၊ မာတစ်၊ ကီတာ တို့ရှိနေပေမယ့်လည်း လက်ရှိလူစာရင်းအတိုိင်းပဲ ဆက်လက် ကစားနေပါသေးတယ်။

78 Min

မာနေး ရဲ့ ဂိုးဧရိယာအပြင်က ကန်ချက်ကို မြင်လိုက်ရတာပါ။ ကန်ချက်က တော်တော်လေး လှခဲ့ပြီး ဂိုးဘားတန်းကို ထိကာ ထွက်သွားခဲ့ရတာ ခင်ဗျာ။

76 Min

ဖာမီနိုရဲ့ ပေးပို့မှုကို မာနေး ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် နည်းနည်းလေး လွဲသွားခဲ့တယ် ခင်ဗျာ။ ဂိုးရဖို့  တော်တော််လေး နီးစပ်ခဲ့တဲ့ အခွင့်အရေးပါ။