LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)

18 January 2020
LIVE: ဝက်ဖို့ဒ် ၀-၀ စပါး (Full-time)
Premier League Today, 19:00

Watford
0-0 (FT)
Vicarage Road
⏱️ 65 Min

မိုရာရဲ့ ဖန်တီးပေးမှုကနေ လာမယ်လာ တစ်ယောက် ဂိုးပေါက်ကန်သွင်းခွင့်ရခဲ့တာ ခင်ဗျာ။ ဒါပေမယ့် ဝက်ဖို့ဒ်နောက်ခံလူ ဒေါ်ဆင် နဲ့ထိပြီး ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့ပါတယ်။

⏱️ 63 Min

စပါးအသင်းရဲ့ ကွင်းလယ်က တိုက်စစ်ကို ဖန်တီးပေးနိုင်မှု မရှိတာကြောင့် တိုက်စစ်မှူး မိုရာ တစ်ယောက် ဘောလုံးကို ကွင်းလယ်အထိ ဆင်းပြီး ယူနေရတာကို တွေ့နေရပါတယ်။ စပါးရဲ့ ကွင်းလယ်ပိုကောင်းလာဖို့ဆိုရင် လာမယ်လာ ကိုထုတ်ပြီး အဲရစ်ဆင်၊ ဒါမှမဟုတ် အဲရစ်ဒိုင်ယာ တစ်ယောက်ယောက်ကို ထည့်ဖို့ လိုနေပြီ ခင်ဗျာ။

⏱️ 61 Min

စပါးအသင်းရဲ့ တန်ပြန်တိုက်စစ်ကနေ ဆွန်ဟောင်မင်တစ်ယောက် အခွင့်အရေးရခဲ့ပေမယ့် အသင်းဖော်တွေကို ထိုးမပေးပဲ တစ်ကိုယ်ကောင်းဆန်ဆန် ကန်ခဲ့ရာကနေ ကန်ချက်က ဂိုးပေါက်နဲ့ လွဲသွားခဲ့တာ ခင်ဗျာ။

⏱️ 59 Min

စပါးအသင်းကွင််းလယ်လူ ဟယ်ရီဝင့်ခ်ကို ဝက်ဖို့ဒ်ရဲ့ ဒိုကူရေး ဖျက်ထုတ်ရာကနေ နှစ်ဖက်ကစားသမားတွေ အချင်းများကြပြီး ကွင်းလယ်ဒိုင်က ဒိုကူရေး ကို အဝါကတ် ပြလိုက်တယ် ခင်ဗျာ။ ပြိုင်ဖက်ကစားသမားကို တွန်းထိုးခဲ့တဲ့ ဟယ်ရီဝင့်ခ်လည်း အဝါကတ်အပြခံလိုက်ရပါတယ်။

⏱️ 57 Min

ဝက်ဖို့ဒ်အသင်းခေါင်းဆောင် ဒီနေးကို နောက်ကနေ ဆွဲလှဲခဲ့တဲ့ ဗာတွန်ဂန်ကြောင့် စပါးအသင်း ပြစ်ဒဏ်ဘော ပေးလိုက်ရတယ် ခင်ဗျာ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly