LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)

22 December 2019
LIVE: ဝက်ဖို့ဒ် ၂-၀ မန်ယူ (Full-time)
Premier League December 22, 20:30

Watford
2-0 (FT)
Ismaila Sarr 50' Troy Deeney 54' (P)

Stadium: Vicarage Road

84 Min

ဝက်ဖို့ဒ်အသင်းက အချိန်ဆွဲပြီး ကစားဖို့ ကြိုးစားနေတာကို မြင်နေရပါတယ်။ မန်ယူအသင်းကတော့ ကစားသမား အပြောင်းအလဲတွေ လုပ်နေပေမယ့်လည်း ကစားပုံက သိသိသာသာကောင်းမလာခဲ့ပဲ ပွဲပြီးခါနီး အချိန်အထိ ရောက်လာခဲ့ပြီ ခင်ဗျာ။

82 Min

ပွဲကစားချိန်က မိနစ် (၈၀) ကျော်လာခဲ့ပြီ ခင်ဗျာ။ မန်ယူအသင်းက ဒုတိယပိုင်းမှာ ခွင့်ပြုထားရတဲ့ ဦးဆောင်ဂိုးတွေကို အခုအချိန်အထိ ပြန်လည်ချေပနိုင်ခြင်းမရှိသေးပဲ ဝက်ဖို့ဒ်ရဲ့ ဦးဆောင်မှုအောက်မှာသာ လိုက်ပါနေခဲ့ရတာပါ။ ဝက်ဖို့ဒ်အသင်းကတော့ ပွဲပြီးခါနီး အချိန်အထိ သူတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ဆက်လက် ပြသထားနိုင်ဆဲပဲ ခင်ဗျာ။

80 Min

ဝက်ဖို့ဒ်နည်းပြသစ် ပီယာဆင် အတွက်တော့ ဒီအတိုင်းသာ ပွဲပြီးသွားမယ်ဆိုရင် ဂုဏ်ယူစရာ ပွဲတစ်ပွဲ ဖြစ်လာတော့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဝက််ဖို့ဒ်နည်းပြသစ် ဖြစ်လာခဲ့တဲ့ ပီယာဆင် ဟာ သူကိုင်တွယ်တဲ့ ဒုတိယမြောက်ပွဲစဉ်မှာပဲ ဝက်ဖို့ဒ်ကို နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ခင်ဗျာ။

78 Min

ဝက်ဖို့ဒ်အသင်းကလည်း သူတို့ရဲ့ နောက်ဆုံး လူစားလဲမှုအဖြစ် ကာပိုးလ်ရဲ့နေရာမှာ ပါရဲရား ကို ထည့်သွင်းကစားစေခဲ့ပြီ ခင်ဗျာ။

76 Min

မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယား တစ်ယောက် ချေပဂိုးရဖို့အတွက် တိုက်စစ်အထိ လိုက်ပြီး ကစားနေတာ ခင်ဗျာ။ ဒါပေမယ့်လည်း သူ့ရဲ့ပေးပို့မှုတွေက တိကျခြင်းမရှိပဲ တိုက်စစ်မှူးတွေအတွက် အလုပ်မဖြစ်ခဲ့တာကို တွေ့နေရပါတယ်။

Updates

4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago

Pages

Mizzima Weekly