LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)

26 December 2019
LIVE: စပါး ၂-၁ ဘရိုက်တန် (Full-time)
Premier League December 26, 19:30

Tottenham
2-1 (FT)
Harry Kane 53' Dele Alli 72' Adam Webster 37'

Tottenham Hotspur Stadium

77 Min

ဘရိုက်တန်အသင်း နောက်ခံလူတွေအနေနဲ့ကတော့ ဟယ်ရီကိန်းရဲ့ ပါးနပ်မှုကို သတိထားဖို့တော့ လိုနေပြီ ခင်ဗျာ။ ဂိုးကန်သွင်းမှု၊ ဖန်တီးမှုနဲ့ တစ်ဦးချင်းပါးနပ်မှုတွေမှာ နာမည်ကြီးတဲ့ ဟယ်ရီကိန်းဟာ ဒီပွဲမှာလည်း ဘရိုက်တန် ခံစစ်ပိုင်းကို ဖိအားးပေးနေခဲ့ပါပြီ

75 Min

ဘရိုက်တန်အသင်းကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာ (၂)ပွဲပဲ ရှုံးခဲ့လို့ စပါးအနေနဲ့ သတိထားကစားဖို့တော့ လိုနေတယ်ခင်ဗျာ။ အာဆင်နယ်ကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးကို ဘရိုက်တန်အသင်းက လက်ရှိအချိန်မှာ ပြသနေတာဖြစ်ပြီး စပါးရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ဖို့ ကြိုးစားနေတာပါ။

Goal!!!

အယ်လီရဲ့ လှပတဲ့ သွင်းဂိုးတစ်ဂိုးကို တွေ့လိုက်ရတာ ခင်ဗျာ။ စပါးအသင်း ဦးဆောင်ဂိုး ရသွားခဲ့ပါပြီ။

73 Min

စပါးအသင်းကလည်း ဟယ်ရီဝင့်ခ်ရဲ့နေရာမှာ အဲရစ်ဆင် ကို ထည့်ပြီး ကစားစေလိုက်ပါပြီ

72 Min

ဘရိုက်တန်အသင်းက ကွန်နိုလီ ရဲ့နေရာမှာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး မူပေး ကို ထည့်ပြီး ကစားလိုက်ပြီ ခင်ဗျာ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly