LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)

06 December 2019
LIVE: မြန်မာ ၂-၄ အင်ဒိုနီးရှား (Extra-time)
Football at the Southeast Asian Games – Men's tournament (Semi-final) December 7, 14:30

Myanmar
2-4 (ET)
Win Naing Tun 78' Aung Kaung Mann 79' Dimas Evan 57' 113' Maulana Egy 70' Osvaldo Haay 101'
Rizal Memorial Coliseum
Goal!!!

အင်ဒိုတိုက်စစ်မှူး အော့စ်ဗယ်ဒို တစ်ယောက် မြန်မာအသင်းဖက်ကို ဦးဆောင်ဂိုးတစ်ဂိုး သွင်းသွားပြန်ပြီ ခင်ဗျာ။

11 Min

အင်ဒို တိုက်စစ်မှူး အော့စ်ဗယ်ဒို တစ်ယောက်ကတော့ မြန်မာအသင်းကို ဂိုးသွင်းနိုင်ဖို့ အခုထိ ကြိုးစားနေရဆဲ ခင်ဗျာ။ မြန်မာကစားသမား (၃)ယောက်လောက်က သူ့ကို စောင့်ကြည့်နေကြပြီး အခွင့်အရေးမရအောင် လုပ်ထားကြလို့ ဂိုးသွင်းဖို့ အခက်တွေ့နေဆဲပါ။

9 Min

မြန်မာအသင်း ကွင်းလယ်လူ လွင်မိုးအောင် တစ်ယောက် ဒဏ်ရာရပြီး ထွက်သွားခဲ့ရလို့ မြန်မာအသင်းရဲ့ ကွင်းလယ်ကတော့ အားနည်းသွားခဲ့ပါပြီ။ လက်ကျန်မိနစ်တွေမှာ မြန်မာအသင်းအနေနဲ့ စိတ်ဓာတ်အပြည့်နဲ့ ကစားနိုင်ဖို့ လိုနေပြီဖြစ်ပြီး ဒီမိနစ်အနည်းငယ်ကို တောင့်ခံထားနိုင်ဖို့ပဲ လိုအပ်တော့တာပါ။

7 Min

မြန်မာအသင်းက လွင်မိုးအောင် ရဲ့နေရာမှာ သူရိန်စိုး ကို ထည့်သွင်း ကစားခဲ့တယ်ခင်ဗျာ။

5 Min

အင်ဒို အသင်းခေါင်းဆောင် ရဲ့ ဒီတစ်ကြိမ်ဖျက်ထုတ်မှုမှာ အောင်ကောင်းမာန် ဒဏ်ရာရသွားခဲ့လို့ အဝါကတ်ပြသခံလိုက်ရတယ် ခင်ဗျာ။