LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)

02 December 2019
LIVE: မြန်မာ ၂-၁ ကမ္ဘောဒီးယား (Full-time)
Football at the Southeast Asian Games – Men's tournament December 2, 18:3

Myanmar
2-1 (FT)
Group stage · Group A · Matchday 4 of 5
Stadium - Biñan Football Stadium
76 Min

ပွဲချိန် မိနစ် (၇၀)ကျော်လာတဲ့နောက်မှာတော့ မြန်မာအသင်းက ဂိုးရဖို့ ပိုမိုဖိအားပေးကစားလာနေတာကိုတွေ့ရပါတယ်။ ကမ္ဘောဒီးယားအသင်းဂိုးသမား ကောင်းလွန်းနေလို့ မြန်မာအသင်း ဂိုးသွင်းဖို့ ခက်နေတာ ခင်ဗျာ။

74 Min

မြန်မာအသင်းက ဒီနေ့ပွဲစဉ်မှာ ပေးဂိုး တစ်ဂိုးပေးထားခဲ့ရပေမယ့် ခံစစ်ကစားပုံ၊ စုစည်းမှုအားတွေမှာ အရင်ပွဲတွေကထက် ပိုပြီး အားကောင်းလာနေတာကို တွေ့နေရပါတယ်။ အထူးသဖြင့် ပြိုင်ဖက်ဆီက ဘောလုံးရယူတဲ့နေရာမှာ အရင်ပွဲတွေကထက်ပိုပြီး မြန်ဆန်လာတာကို တွေ့ရတယ်ခင်ဗျာ။

72 Min

မြန်မာအသင်းရဲ့ ကွင်းလယ်က နေမိုးနိုင်၊ မြတ်ကောင်းခန့်တို့ အဝေးကန်ချက်တွေနဲ့ ဂိုးသွင်းဖို့ ကြိုးစားနေတာကို တွေ့နေရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကန်ချက်တွေက မိုးပေါ်ထောင်နေခဲ့ကြလို့ အခုထိတော့ မြန်မာအသင်းရဲ့ အဝေးကန်ချက်တွေက အသက်မဲ့နေဆဲ လို့ ဆိုရမယ် ခင်ဗျာ။

70 Min

အောင်ကောင်းမာန် ဝင်လာပြီးနောက်မှာ မြန်မာအသင်းရဲ့ ဘယ်ခြမ်းတိုက်စစ်က ပိုပြီး အသက်ဝင်လာတာ အမှန်ပဲ ခင်ဗျာ။ ဒီတစ်ကြိမ်မှာတော့ မြတ်ကောင်းခန့်ရဲ့ ထိုးဖောက်မှုကို ကမ္ဘောဒီးယားဂိုးသမား ကာကွယ်ရာမှာ တော်တော်လေး ကြမ်းတမ်းခဲ့တာကို တွေ့ရပါတယ်။ မြတ်ကောင်းခန့်လည်း တော်တော်နာသွားခဲ့တယ်ခင်ဗျာ။ သူ့မျက်နှာကို ဒူးနဲ့ ပွတ်တိုက်မိသွားခဲ့တာပါ။

68 Min

ကမ္ဘောဒီးယားရဲ့ ပီဆက် ကတော့ တကယ်ကောင်းတဲ့ ကစားသမားခင်ဗျာ။ မြန်မာအသင်းရဲ့ ညာခြမ်းခံစစ်က ဝင်းမိုးကျော် တစ်ယောက် အသည်းအသန် ကာကွယ်နေရပြီး ပီဆက် လို ကစားသမားမျိုး နှစ်ယောက်လောက်သာ ရှိရင် မြန်မာအသင်း လွယ်မှာမဟုတ်ဘူးလို့တောင် ပြောရမလားပါပဲ။

Updates

4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago
4 years 4 months ago

Pages

Mizzima Weekly