LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ

10 December 2019
LIVE: မြန်မာ ၂-၂ ကမ္ဘောဒီးယား (FT) (၅-၄) ပင်နယ်တီ
Football at the Southeast Asian Games – Men's tournament December 10, 14:30

Myanmar
2-2 (FT)
5-4 Penatly

Match for 3rd place
Aung Kaung Mann 9' Myant Kaung Khant 3' Sieng Chanthea 18sec
Stadium - Rizal Memorial Coliseum
88 Min

ကမ္ဘောဒီးယားအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ကျောနံပတ် (၁၄) တစ်ယောက် ကွင်းထဲမှာ လဲကျသွားခဲ့ပြီး ဆက်ကစားနိုင်ဖို့ ဆေးအဖွဲ့ရဲ့ အကူအညီ ယူနေရပြီ ခင်ဗျာ။

86 Min

ပွဲချိန် မိနစ် (၉၀) ပြည့်ဖို့ မိနစ် အနည်းငယ်သာ လိုတော့တယ် ခင်ဗျာ။ နှှစ်သင်းစလုံးရဲ့ ကစားပုံက အေးစက်စက် ဖြစ်သွားကြပြီး ကွင်းလယ်မှာ ဘောလုံးအပျက်များနေခဲ့တာကို တွေ့ရတယ် ခင်ဗျာ။ မြန်မာထက်စာရင် ကမ္ဘောဒီးယားက ပိုပြီး ဖိအားပေး ကစားနေနိုင်တယ်လို့ ပြောရပါမယ်။ မြန်မာအသင်း ကွင်းတစ်ဝက်လောက်အထိ ကမ္ဘောဒီးယား ကစားသမားတွေ ဖိအားပေးနေကြပါတယ်။

84 Min

မြန်မာအသင်းရဲ့ ဖျက်ထုတ်မှုကြောင့် ကမ္ဘောဒီးယားရဲ့ ကျောနံပတ် (၁၇) ဒဏ်ရာရသွားခဲ့တယ်ခင်ဗျာ။ မြန်မာအသင်းကတော့ ကွင်းလယ်မှာတင် ဘောလုံးကို ပျက်အောင် ကစားဖို့ ကြိုးစားနေပြီး တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ ကြိုးစားနေခဲ့တာပါ။

82 Min

ထက်ဖြိုးဝေ ကို ကစားပုံကြမ်းတမ်းခဲ့တဲ့ ကမ္ဘောဒီးယား ကျောနံပတ် (၂၀) တစ်ယောက် အဝါကတ် အပြခံလိုက်ရပါပြီ။

80 Min

ပွဲကစားချိန်က မိနစ် (၈၀)နားကို ရောက်လာခဲ့ပြီ ခင်ဗျာ။ ဒီအချိန်မှာသာ ဂိုးပေးလိုက်ရရင် ချေပဂိုးပြန်သွင်းဖို့ မလွယ်တာကြောင့် နှစ်သင်းစလုံးက ခံစစ်တွေကို အာရုံစိုက်လာခဲ့တာကို တွေ့နေရပါတယ်။ ဘယ်အသင်းမှ အမှားလုပ်လို့မရတဲ့ အချိန်တွေကို ရောက်လာခဲ့ပြီ ခင်ဗျာ။

Updates

4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago
4 years 5 months ago

Pages

Mizzima Weekly