LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)

14 December 2019
LIVE: လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (Full-time)
Premier League December 14, 19:00

Liverpool
2-0 (FT)
Salah 38' 90'
Anfield
Liverpool 2 – 0 Watford (FT)

လီဗာပူးလ်အသင်းနဲ့ ဝက်ဖို့ဒ်အသင်းတုုိ့ရဲ့ ပွဲကစားချိန် မိနစ် (၉၀)ကတော့ ပြီးဆုံးသွားခဲ့ပြီ ခင်ဗျာ။ လီဗာပူးလ်အသင်းက ဆာလက် ရဲ့ ပါးနပ်တဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး အသင်းအတွက် ရမှတ် (၃)မှတ်ကို ရယူသွားခဲ့တာပါ။

ဒီပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းရဲ့ ကစားပုံကောင်းခဲ့ပေမယ့်လည်း အသင်းတိုက်စစ် ကစားသမားတွေ အခွင့်အရေးတွေဖြုန်းတီးပစ်ခဲ့လို့ နစ်နာခဲ့ရတယ်လို့ ဆိုရမှာပါ။

မနက်ဖြန်မှာလည်း ပရီးမီးယားလိဂ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်ကို Mizzima ကနေ တိုက်ရိုက် Live Commentary ထုတ်လွှင့်ပေးသွားမှာဖြစ်လို့ Mizzima ရဲ့ Facebook စာမျက်နှာကို မလွတ်တမ်းစောင့်ကြည့်ကြပါဦးလို့ တိုက်တွန်းလိုက်ပါရစေနော်…။

Injury Times (+4)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ ထပ်ဆောင်းအချိန်ပို ( ၄ ) မိနစ် သတ်မှတ်ပေးထားခဲ့တယ် ခင်ဗျာ။

VAR

ဒီတစ်ကြိမ်မှာလည်း VAR ကနေ ပြန်လည်စစ်ဆေးနေပြန်ပါပြီ ခင်ဗျာ။

Goal!!!

ဆာလက် ရဲ့ ပါးနပ်တဲ့ ဂိုးသွင်းမှုနဲ့အတူ လီဗာပူးလ်အသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါပြီ။

90 Min

ပှဲပွီးဆုံးဖို့ မိနစျ အနညျးငယျသာ လိုပါတော့တယျ။ လီဗာပူးလျအသငျးအတှကျတော့ နောကျထပျ ဂိုးရဖို့ထကျ သူတို့ရထားတဲ့ ဂိုးတစျဂိုးကို ပွနျအခြပေမခံရဖို့က ပိုမို အရေးကွီးလို့ နခေဲ့ပါပွီ။လီဗာပူးလ်က နောက်ဆုံးသော အပြောင်းအလဲအဖြစ် ဖာမီနို ကို ထုတ်ပြီး အော်ရီဂီ ကို ထည့်သွင်းကစားစေတယ် ခင်ဗျာ။

Updates

4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago
4 years 3 weeks ago

Pages

Mizzima Weekly