မန်ယူအသင်း ကွင်းလယ်လူ ဖရက်ဒ်ရဲ့ပေးပို့မှုတွေက ဒီပွဲမှာ အလုပ်မဖြစ်ပဲ ဖြစ်နေခဲ့တယ် ခင်ဗျာ။ မန်ယူအသင်းမှာ ဒီပွဲအတွက် ခြေအပေါ်ဆုံးကတော့ မာတစ်နဲ့ မာရှယ် လို့ပဲ ပြောရမှာဖြစ်ပြီး မန်ယူအသင်းအတွက် အကောင်းဆုံးခြေစွမ်းကိုပြခဲ့ကြတာပါ။
လီဗာပူးလ်အသင်းက အိုရီဂီနဲ့ မာနေး ကို လဲလိုက်ပြီး ဖာဘင်ဟိုနဲ့ ဖာမီနို ကို လူစားလဲ ကစားစေခဲ့ပြီ ခင်ဗျာ
ပွဲပြီးဖို့က မိနစ်အနည်းငယ်ပဲ လိုတော့တယ် ခင်ဗျာ။ လီဗာပူးလ်ကို ကြည့်ရတာ ဒီတစ်ဂိုးနဲ့ပဲ အနိုင်ယူမယ့့် ပုံရှိပြီး သူတို့ရဲ့ Clean Sheet နောက်တစ်ပွဲအတွက် ပြင်ဆင်နေပုံပါ။ မန်ယူကစားသမားတွေက ချေပဂိုးရဖို့ ကြိုးစားနေကြပေမယ့် သူတို့ရဲ့ ကြိုးစားမှုတွေက အကောင်အထည်တော့ ပေါ်မလာသေးဘူးခင်ဗျာ။
လီဗာပူးလ်အသင်းကတော့ ပွဲပြီးခါနီးအချိန်မှာ တိုက်စစ်ကစားအားကို ချလိုက်သလိုပဲ ခင်ဗျာ။ မန်ယူအသင်းဖက်ကို သိသိသာသာ ဖိအားပေးနိုင်တာမျိုးမရှိတော့ပဲ ခံစစ်ကို ဦးစားပေးနေလို့ မန်ယူအသင်းက ဂိုးကန်သွင်းခွင့်တွေ ပြန်လည်ရရှိနေခဲ့တာပါ။
မာရှယ်ရဲ့ပေးပို့မှုကနေ ဂရင်းဝုဒ်တစ်ယောက်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့်လည်း လွဲချော်သွားခဲ့တယ် ခင်ဗျာ
Tags
www.mizzima.com www.mizzimaburmese.com www.mizzimaweekly.com
[email protected] [email protected]
+95 1 295398
+95 9421010111