LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)

21 December 2019
LIVE: အဲဗာတန် ၀-၀ အာဆင်နယ် (Full-time)
Premier League December 21, 19:00

Everton
0-0 (FT)

Stadium: Goodison Park

86 Min

ကြည့်ရတာ ပွဲပြီးတဲ့အချိန်အထိ သွင်းဂိုးတွေကို မြင်တွေ့ရဖို့ မရှိတော့ဘူးလို့ ထင်ရမလိုပဲ ခင်ဗျာ။ (၈၅)မိနစ်ကျော်လာတဲ့အချိန်အထိ နှစ်သင်းစလုံးက သွင်းဂိုးတစ်ဂိုးရဖို့ ခက်ခဲနေဆဲပါ။ အာဆင်နယ်ရဲ့ ကြယ်ပွင့်ကစားသမားလေးလို့ သတ်မှတ်ထားကြတဲ့ မာတီနယ်လီ ဆီကလည်း ဂိုးရမယ့်အရိပ်အယောင်မတွေ့ရသလို အဲဗာတန်ရဲ့ လူငယ်တိုက်စစ်အတွဲဖြစ်တဲ့ ရစ်ချာလီဆင်နဲ့ လီဝင် တို့ဆီကလည်း ဂိုးသွင်းမယ့် အရိပ်အယောင်တွေ မတွေ့ရသေးဘူး ခင်ဗျာ။

84 Min

အဲဗာတန်နည်းပြ ဖာဂူဆန်ကတော့ တိုက်စစ်မှူး တိုဆန် ရဲ့နေရာမှာ မွိုက်စ်ကိန်းကို လူစားလဲလိုက်တယ် ခင်ဗျာ။ တိုဆန်ကတော့ ပထမပိုင်းမှာ လူစားဝင်ခဲ့သူဖြစ်ပြီး ပွဲမပြီးခင် လူစားလဲခံလိုက်ရလို့ စိတ်ပျက်နေပုံပါပဲ။ ဒန်ကန်ဖာဂူဆန်ကတော့ လူစားလဲမှုပိုင်းမှာ တော်တော်လေး အားနည်းနေပုံရပြီး ပြီးခဲ့တဲ့ ပွဲမှာလည်း ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့တဲ့ မွိုက်စ်ကိန်းကို ပွဲမပြီးခင် ပြန်လည်လူစားလဲခဲ့ဖူးပါသေးတယ်။

82 Min

 နှစ်သင်းစလုံးရဲ့ နည်းပြသစ်တွေဖြစ်ကြတဲ့ အာတီတာနဲ့ အန်ဆယ်လော့တီ တို့ကတော့ သူတို့ရဲ့အသင်းသစ်တွေကို ပွဲကြည့်စင်ကနေ အကဲခတ်နေကြတာကို တွေ့နေရပါတယ်။

အာဆင်နယ်အသင်းက အူဘာမီယန်းရဲ့နေရာမှာ လာကာဇက် ကို ထည့်သွင်းအသုံးပြုလိုက်ပြီ ခင်ဗျာ။

80 Min

အာဆင်နယ်အသင်းကွင်းလယ်လူ ဝီလော့ခ် ကို ဖျက်ထုတ်ပုံကြမ်းခဲ့တဲ့ အဲဗာတန်အသင်းခေါင်းဆောင် ဆစ်ဂတ်ဆင် ကတော့ အဝါကတ် ပြသခံလိုက်ရပြီခင်ဗျာ။

78 Min

ပွဲကစားချိန် (၇၅)မိနစ် ကျော်သွားခဲ့ပါပြီ။ နှစ်သင်းစလုံးကတော့ အခုအချိန်အထိ ဂိုးရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ် လက်စွမ်းပြနေတာကြောင့် အာဆင်နယ်တို့ ဂိုးမရပဲ ဖြစ်နေခဲ့တာ ခင်ဗျာ။ ရုပ်သံအနှေးပြကွက်တွေအရ အာဆင်နယ်အသင်းခံစစ်ကစားသမားတွေ ဂိုးဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိခဲ့တာကို တွေ့နေရပြီး VAR ပြန်မကြည့်ခဲ့တာကြောင့် ကံကောင်းတယ်လို့ ဆိုရမှာပါ။