LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်

11 January 2020
LIVE: ခရစ္စတယ်ပဲလေ့စ် ၁-၁ အာဆင်နယ်
Premier League January 11, 19:00

Crystal Palace
1-1
Jordan Ayew 54' Aubameyang 12'
 
Selhurst Park
78 Min

ပဲလေ့စ်အသင်းက ကွင်းတစ်ဝက်လုံးဖိကစားနေတာကို တွေ့နေရပြီး အာဆင်နယ်ကတော့ ခံစစ်သက်သက် ဖြစ်နေပြီ ခင်ဗျာ။ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာအတွက် နေရာလွတ််တွေပိုရလာခဲ့ပေမယ့် လက်ရှိအချိ်န်အထိတော့ ဇာဟာ တစ်ယောက် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခြင်းမရှိသေးပါဘူး။

76 Min

အာဆင်နယ်နည်းပြ အာတီတာ အတွက် စိတ်မသက်သာစရာ ပွဲတစ်ပွဲကတော့ ရောက်ရှိလာခဲ့ပြန်ပြီ ခင်ဗျာ။ မက်စ်မေယာ ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထုတ်တာ မဟုတ်ပေမယ့် ဖျက်ထုတ်မှုက ခြေထောက်ကျိုးသွားနိုင်တာကြောင့် VAR နဲ့ ပြန်ကြည့်ခဲ့ပြီး အနီကတ်နဲ့ ထုတ်ခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကစားသမားတစ်ယောက်လျော့သွားတဲ့ အာဆင်နယ်အသင်းကတော့ လက်ကျန်မိနစ် (၂၀)လောက်ကို ဒီရလဒ်အတိုင်း ဆက်ထိန်းနိုင်ဖို့ ကြိုးစားရတော့မယ် ခင်ဗျာ။

74 Min

ပဲလေ့စ်အသင်းကွင်းလယ်လူ မက်ကာသီ တစ်ယောက် မာတီနယ်လီ ကို ဖျက်တာကြမ်းခဲ့လို့ အဝါကတ် ပြသခံလိုက်ရပြီ ဖြစ်ပါတယ်။

72 Min

အာဆင်နယ်နည်းပြ အာတီတာကတော့ ကစားအားကျသွားတဲ့ အိုဇေးလ်ရဲ့နေရာမှာ တိုက်စစ်မှူး မာတီနယ်လီ ကို အစားထိုးလိုက်ပါပြီ။

70 Min

အာဆင်နယ်အသင်းက အူဘာမီယန် ထွက်သွားခဲ့လို့ တစ်ယောက်လျော့သွားချိန်မှာ ပဲလေ့စ်နည်းပြ ဟော့ဒ်ဆန်ကတော့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ တိုဆန် ကို ထည့်သွင်း ကစားလိုက်ပါပြီ။