LIVE Commentary: Everton 1 - 1 Tottenham (Full-time)

03 November 2019
LIVE Commentary: Everton 1 - 1 Tottenham (Full-time)
Premier League November 3, 23:00

Everton
1 - 1

Cenk Tosun 90+7' Dele Alli 63'
Stadium: Goodison Park
84 Min

ဂိုမက်ဇ်ရဲ့အဖြစ်ဆိုးကြောင့် လက်ကျန်မိနစ်အနည်းငယ်ဟာ နှစ်ဖက်ကစားသမားတွေအတွက် ခက်ခဲတဲ့အချိန်တွေလို့ ပြောရတော့မှာပါ။ ကစားသမားတွေက ဒီအဖြစ်အပျက်အတွက် စိတ်မကောင်းဖြစ်နေကြပြီး အချင်းချင်း အားပေးမှုတွေ ပြုလုပ်နေကြရတယ်ခင်ဗျာ။ စပါးကတော့ တစ်ယောက်လျော့နဲ့ ပွဲကို ဆက်လက် ယှဉ်ပြိုင်နေရပါပြီ။

82 Min (Substitution)

ဒဏ်ရာရသွားတဲ့ ဂိုမက်ဇ်ရဲ့နေရာမှာ ကဲလ်ဘတ် လီဝင်းတစ်ယောက် ဝင််လာပြီခင်ဗျာ။ ဂိုမက်ဇ်ကို ဆေးအဖွဲ့က အောက်စီဂျင်ပေးပြီး ကွင်းအတွင်းကနေ ထုတ်သွားခဲ့ရပါပြီ။

80 Min - Red Card (ဆွန်ဟောင်မင်)

လက်ရှိအချိန်မှာတော့ ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုကြောင့် ဂိုမက်ဇ်ရဲ့ခြေထောက် ကျိုးသွားခဲ့ပြီခင်ဗျာ။ ဒီ ဆိုးရွားတဲ့ ဖျက်ထုတ်လိုက်မှုအတွက် ဆွန်ဟောင်မင် ကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်နေခဲ့ပြီး ကွင်းလယ်ဒိုင်က သူ့ကို အနီကတ်နဲ့ ထုတ်ပယ်လိုက်ပါပြီ။

78 Min

ရစ်ချာလီဆန် ကို စပါးဘယ်နောက်ခံလူ ဘန်ဒေးဗီးစ်က အပိုင်ထိန်းထားတာကို တွေ့နေရတယ်ခင်ဗျာ။ ရစ်ချာလီဆန်တစ်ယောက် လူကပ်ကစားခံနေရလို့  ထင်သလောက်ခြေစွမ်းမပြနိုင်ပဲ ဖြစ်နေပါတယ်။

76 Min

ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီး ဖိအားတွေအောက်ရောက်နေတဲ့ နည်းပြ ပိုချက်တီနိုအတွက်ကတော့ ဒီပွဲကိုသာ နိုင်ခဲ့ရင် တော်တော်လေး အသက်ရှူချောင်သွားမှာခင်ဗျာ။ လက်ကျန်မိနစ်အနည်းငယ်မှာသာ စပါးအသင်း ထိန်းထားနိုင်ခဲ့ရင် ပိုချက်တီနိုအတွက် ကျေနပ်စရာ ပွဲစဉ်တစ််ပွဲ ဖြစ်လာတော့မှာပါ။

Updates

4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago
4 years 6 months ago

Pages

Mizzima Weekly