Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)

16 February 2020
Live: အာဆင်နယ် ၄-၀ နယူးကာဆယ် (Full-time)
Premier League February 16, 23:00

Arsenal
4-0 (FT)
Aubameyang 54' Pepe 57' Ozil 90' Lacazette 90'+5
 
Stadium: Emirates Stadium
Arsenal 4 – 0 Newcastle (FT)

အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ နယူးကာဆယ်အသင်းက ခံစစ်ကစားပုံနဲ့ အာဆင်နယ်အသင်းကို အခက်တွေ့အောင် ကစားပြဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်သွားခဲ့တာပါ။

အာဆင်နယ်ရဲ့ ကစားပုံက သိပ်ပြီး စွဲမက်စရာ မကောင်းခဲ့ပေမယ့် လိုအပ်တဲ့ ဂိုးရလဒ်ကိုတော့ ရအောင် ယူသွားနိုင်ခဲ့ပြီး နည်းပြ အာတီတာ အတွက် (၃)မှတ်အပြည့်ရခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တာပါ။

အာဆင်နယ်အသင်းအတွက် အိုဇေးလ်တစ်ယောက် ဂိုးပြန်သွင်းပေးနိုင်ခဲ့လို့လည်း ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြရပါတယ်။

ကဲ…လာမယ့် အပတ်တွေမှာလည်း Mizzima ကနေ ဥရောပ ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်ပြီး Live Commentary တင်ဆက်ပေးသွားဦးမှာပါ။

Mizzima ကို စောင့်မျှော်ကြည့်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်ပါရစေနော်..

နောက်တစ်ပတ်မှာ ပြန်လည်ဆုံတွေ့ကြပါစို့…။

Goal!!!

အာဆင်နယ်အသင်းအတွက် စတုတ္တမြောက်သွင်းဂိုးကို လူစားဝင်လာတဲ့ တိုက်စစ်မှူး လာကာဇက် က သွင်းယူပေးသွားခဲ့ပါပြီ။

Goal!!!

အာဆင်နယ်အသင်း တတိယ ဦးဆောင်ဂိုးရသွားခဲ့ပြန်ပြီ ခင်ဗျာ။ ကွင်းလယ်လူ အိုဇေးလ်က သွင်းယူပေးသွားခဲ့တာပါ။

Injury Times (+3)

ပွဲကစားချိန် မိနစ် (၉၀) ပြည့်သွားခဲ့လို့ နာကျင်အချိန်ပို (၃)မိနစ် သတ်မှတ်ပေးထားခဲ့ပါတယ်။

90 Min

အာဆင်နယ်အသင်းက တိုက်စစ်မှူး အန်ခီတီယာရဲ့နေရာမှာ လာကာဇက် ကို ထည့်သွင်းကစားစေလိုက်ြပြီ ခင်ဗျာ

Updates

3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago
3 years 11 months ago

Pages

Mizzima Weekly