ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရာအိမ်မှူး ပစ်ခတ်ခံရ၍ သေဆုံး

ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရာအိမ်မှူးသည် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁၀ နာရီခန့်က ၎င်း၏ နေအိမ်ရှေ့တွင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

“အိမ်ရှေ့မှာ ငုတ်တုတ်ထိုင်နေတုန်း လူနှစ်ယောက်က သေနတ်နဲ့ ပစ်သွားတာဗျ။ တစ်ချက်တည်းပဲ။ ခေါင်းမှန်သွားတယ်။ ဆေးရုံကား လာသယ်ချိန်မှာ သေနေပြီ။ ပွဲချင်းပြီး သေတာဗျ” ဟု ဖြစ်စဉ် အနီးရှိ မျက်မြင်တစ်ဦးက ပြောသည်။

သေဆုံးသွားသူသည် ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက် ၆၇(ဒီ)လမ်း၊ လမ်း ၁၂၀ အနီး နေထိုင်သည့် အသက် ၄၀ ဝန်းကျင် အရွယ် ဦးထွန်းဝေ ဆိုသူဖြစ်ကြောင်း ဒေသခံများက အတည်ပြုသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်သွားသည်ကိုလည်း အတည်မပြုနိုင်သေးပေ။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖေဖော်ဝါရီလ ၁၈ ရက်ကလည်း လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရသည်။ ထိုတိုက်ခိုက်မှုသည် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အား သတိပေးခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သည့် Guerilla Force of Mandalay က သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly