တေးသီချင်း အယ်လ်ဘမ်သစ်နှင့်အတူ ပြန်လာမည့် Rainbow အဖွဲ့

တေးသီချင်း အယ်လ်ဘမ်သစ်နှင့်အတူ ပြန်လာမည့် Rainbow အဖွဲ့

ဆိုးလ်၊ ဇန်နဝါရီ ၁၆ ။               ။ တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ Rainbow အဖွဲ့သည် ဖေဖော်ဝါရီလတွင် တေးသီချင်း အယ်လ်ဘမ်သစ်ဖြင့် ပြန်လာမည်ဖြစ်ကြောင်း အတွင်းလူတစ်ဦးက ဇန်နဝါရီ ၁၆ ရက်တွင် ပြောကြားသည်။

လက်ရှိအချိန်တွင် အဖွဲ့ဝင်များသည် ပြင်ဆင်မှုများနှင့် အလုပ်ရှုပ်လျက်ရှိကြောင်းနှင့် Rainbow အဖွဲ့သည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက မီနီတေးသီချင်း အယ်လ်ဘမ် “Innocent ” နောက်ဆုံး ထွက်ရှိခဲ့သည်။

Rainbow အဖွဲ့သည် ယခုနှစ်တွင် တေးသီချင်း အယ်လ်သစ်ဖြင့် ပြန်လာမည့် DSP Media၏ ပထမဆုံး တေးဂီတ အဖွဲ့ဖြစ်သည်။ Rainbow အဖွဲ့သည် ၂၀၀၉ ခုနှစ်က “Gossip Girl” တေးသီချင်း အယ်လ်ဘမ် ပွဲဦးထွက် ထွက်ရှိခဲ့သည်။

“Rainbow အဖွဲ့ဟာ ဖေဖော်ဝါရီလမှာ တေးသီချင်း အယ်လ်ဘမ်သစ်နဲ့ ပြန်လာမှာဖြစ်ပါတယ်။ သူတို့တွေဟာ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အကောင်းဆုံးတွေဖြစ်ဖို့ လုပ်ဆောင်နေပါတယ်” ဟု DSP Media မှ ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly