မိုးကုတ်မြို့နယ် ဂွေးပင်ရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်

မိုးကုတ်မြို့နယ် ဂွေးပင်ရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်

ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ဘက် ငါးမိုင်အကွာ ဂွေးပင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေး ဂိတ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၅ နာရီမှ ၉ နာရီ ကျော်အထိ အပြန်အလှန် ပစ်ခတ်သံများ ကြားနေရပြီး တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

"မနက်ကတည်းက ပစ်ခတ်သံတွေ ကြားတယ်၊ ၅ နာရီတောင် မထိုးသေးဘူး၊ မိုးကုတ်က ထွက်ရင် ပထမဆုံး တွေ့ရတဲ့ ဂွေးပင်ဂိတ်ပါ။ အဲ့ရွာမှာ စစ်တပ်စခန်းရှိပြီး မိုးကုတ်ကနေ မန္တလေးသွားတဲ့ ကားတွေကို ဂိတ်ချ စစ်ဆေးနေတဲ့ နေရာပါ။ အခုမနက် ရွာပြန်တဲ့အစ်မ ကားပြန်လှည့်လာရတယ်၊ ဂွေးပင်ကို ဖြတ်လို့မရလို့" ဟု မိုးကုတ်ဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဂိတ်ကို မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း မသိရှိရသေးပေ။

တိုက်ပွဲများကြောင့် ဂွေးပင်ရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာများမှ ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြရပြီး မိုးကုတ်-မန္တလေး လမ်းပေါ်ရှိ ကျောက်ဖားကျေးရွာတွင်လည်း လမ်းပိတ်ထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required