ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြစ်ဒဏ်ထက်ဝက်လျော့

ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ပြစ်ဒဏ်ထက်ဝက်လျော့

ဖေဖော်ဝါရီ ၁၂

ထောင်ဒဏ် နှစ် ၈၀ ချမှတ် ခံထားရသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အာဏာသိမ်း စစ်ကောင်စီက ပြစ်ဒဏ် ထက်ဝက် လျှော့ချကြောင်း ယနေ့ ကြေညာသည်။

ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်၌ အကျဉ်းချခံထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ်နှစ်နှစ်၊ အဂတိမှု ငါးမှုဖြင့် ထောင်ဒဏ် ၇၅ နှစ်၊ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၃၀-က ဖြင့် ထောင်ဒဏ် သုံး နှစ် စုစုပေါင်း ထောင်ဒဏ်နှစ် ၈၀ ချမှတ်ခံ ထားရခြင်းဖြစ်သည်။

စစ်တပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးရှိ ဝန်ကြီးချုပ်များကို အဂတိမှု ပုဒ်မများ တပ်၍ ဖမ်းဆီး အရေးယူ ထားသော်လည်း ဒေါ်နန်းခင်ထွေးမြင့်သည် အဂတိမှု ပုဒ်မ၏ အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံခဲ့ရသော ၀န်ကြီးချုပ်တစ်ဦး ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုခြင်း အခမ်းအနားနေ့တွင် ရက္ခိုင့်တပ်တော် AA အဖွဲ့၀င် ၄၆ ဦးကို အမှု ပိတ်သိမ်း၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အကျဉ်းထောင် အသီးသီးရှိ အကျဉ်းသား ၈၁၄ ဦးကို လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး သီရိလင်္ကာ နိုင်ငံသား ခုနှစ်ဦးလည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required