ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ CDM မီးသတ်ဝန်ထမ်းများက သောက်သုံးရေဖြန့်ဝေ

ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများသို့ CDM မီးသတ်ဝန်ထမ်းများက သောက်သုံးရေဖြန့်ဝေ

ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ် အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံများ နေထိုင်ရာ စစ်ဘေးရှောင် စခန်းများသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြု ကော်မတီဝင် ဒီးမော့ဆိုမြို့နယ် CDM မီးသတ် ဝန်ထမ်းများ ဦးဆောင်၍ သောက်သုံးရေများ ဖြန့်ဝေလျက်ရှိကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့အနီးရှိ စစ်ဘေးရှောင် စခန်း လေးခုကို ဖေဖော်ဝါရီလ ၅ ရက်မှ စတင်ကာ သောက်သုံးရေ နေ့စဉ် ပေးဝေနေကြောင်း ဆိုသည်။

"တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတော့ ရေက လုံလုံလောက်လောက် မရဘူး၊ မြို့ပေါ်မှာဆိုလည်း မီးကမရတော့ ရေမော်တာတွေ သုံးလို့မရဘူးလေ၊ အဲ့တော့ ရေအခက်အခဲကတော့ တော်တော်ဆိုးတယ်၊ ပရဟိတ သဘောမျိုးပဲ လုပ်ကိုင်နေတာပါ။ ဘယ်အစိုးရစီကမှ လစာရိက္ခာ မယူထားဘဲ ပရဟိတ လုပ်နေတာ " ဟု ယင်းကော်မတီ သတင်းပြန်ကြားရေး တာဝန်ခံက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ ပြည်သူလူထု နေထိုင်ရာ ဒေသများတွင် တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ကရင်နီပြည်နယ် အတွင်းရှိ ပြည်သူ အများစု ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ဘေးရှောင် စခန်းများတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေကြောင်း CDM မီးသတ်ဝန်ထမ်းများ ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly