ရန်ကုန်မြို့ကန်‌တော်ကြီးပတ်လမ်းတွင် “လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ချီတက်ကြ” စာတန်းချိပ်ဆွဲ

ရန်ကုန်မြို့ကန်‌တော်ကြီးပတ်လမ်းတွင် “လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ချီတက်ကြ” စာတန်းချိပ်ဆွဲ

ဖေဖော်ဝါရီ ၇

ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းတွင် တကသများ-ရန်ကုန်မှ “လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ်ဆီသို့ချီတက်ကြ” ဟူသောစာသားပါ တပ်လှန့်ကြွေး‌ကြော်သံအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းအချိန်က ချိပ်ဆွဲသည်။

အကြမ်းဖက်စစ်အုပ်စုအပေါ် အောင်ပွဲခံပြီး‌နောက်တွင်လည်း အစုအဖွဲ့ ရပိုင်ခွင့်ကို အခြေခံသည့် လူမျိုးကြီး၊ ဘာသာကြီး၊ ပါတီကြီးဝါဒ အယူအဆများနှင့် အတွေးအခေါ်ဟောင်းများ၊ အယူအဆဟောင်းများကို ယခုတော်လှန်ရေးတွင် အမြစ်ဖြတ်နိုင်မှ စစ်မှန်သည့် လူထုလွတ်မြောက်မှု ရရှိနိုင်မည်ဖြစ်ကြောင်းကို တကသများ- ရန်ကုန်က ပြောသည်။

ဆက်လက်ပြီး လူမျိုးစုအသီးသီး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စံနှုန်းများနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှု စံနှုန်းများ အပြည့်အဝရရှိစေရမည့် ရည်မျှော်သော နိုင်ငံတော်သစ်တစ်ခု ပေါ်ထွန်းလာရေးအတွက် ပြည်သူလူထု တစ်ရပ်လုံး ဆက်လက်အရှိန်မြှင့်တိုက်‌ပွဲဝင်သွားရန် နှိုးဆော်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly