ထိုင်းနိုင်ငံ အချုပ်အတွင်း မြန်မာနိုင်ငံသား ၁ ဦး အဆုံးစီရင်

By ကိုရွှေမြိတ်
06 February 2022
ထိုင်းနိုင်ငံ အချုပ်အတွင်း မြန်မာနိုင်ငံသား ၁ ဦး အဆုံးစီရင်

ဖေဖော်ဝါရီ ၆

ထိုင်းနိုင်ငံ၊ စမုပရာကန်ခရိုင်၊ ဖပရဒဲမြို့နယ်ရှိ အချုပ်ခန်း အတွင်း မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီး ခံထားရသည့် အသက် (၃၅) နှစ် အရွယ် မြန်မာနိုင်ငံသား တစ်ဦး ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၃ နာရီခွဲတွင် မိမိကိုယ် အဆုံးစီရင် သွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

အဆိုပါ မြန်မာနိုင်ငံသားသည် မူးယစ်ဆေးဝါးမှုနှင့် တရားမဝင် နေထိုင်မှု စသည့် အမှုများဖြင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရသူ ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အချုပ်ခန်း အတွင်း စိတ်ဖိစီးမှုကြောင့် ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီကြိုးဖြင့် အချုပ်ခန်း နံရံကို ချည်နှောင်ကာ အဆုံးစီရင်သွားကြောင်း သတင်းများတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly