သင်္ဃန်းကျွန်းမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

သင်္ဃန်းကျွန်းမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၄ရက် နံနက် ၄နာရီ ၂၈မိနစ်နှင့် ၃၀မိနစ်တွင် ဗုံး နှစ်လုံး ဆက်တိုက်ပေါက်ကွဲသံများ ထွက်ပေါ် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ပထမတစ်လုံးက အသံနည်းနည်းတိုးတယ်။ နောက်တစ်လုံးက အုန်းခနဲပဲ အသံအကျယ်ကြီး။ အချိန်က နှစ်မိနစ်လောက်ပဲခြားတယ် ။ ဆက်တိုက်ပေါက်တယ် ပြောလို့ရတယ်''ဟု ဗုံးပေါက်သံကြားရသည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲသံကို သင်္ဃန်းကျွန်း စံပြစျေး ၊ ဘဝမြင့် ၊ ဇဝန ၊ ဘုရားလမ်း နှင့် သုဝဏ္ဏတို့မှ နေထိုင်သူများက ပေါက်ကွဲသံကိုကြားခဲ့ရသည်ဟု ပြောသည်။ မည်သည့်နေရာတွင် ဖြစ်ပွားခဲ့သည်ကိုမူ အသေးစိတ် မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly