ဧရာဝတီတိုင်းဒေသကြီးတွင် ရဲစခန်းကို တိုင်ကြားသည့်ရွေးကောက်ပွဲ အမှု ၈၂မှုတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တစ်မှုသာတင်

ဧရာဝတီတိုင်းဒေသကြီးတွင် ရဲစခန်းကို တိုင်ကြားသည့်ရွေးကောက်ပွဲ အမှု ၈၂မှုတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တစ်မှုသာတင်

ပုသိမ် ၊ဇန်နဝါရီ ၁၄ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ရဲစခန်းကိုတိုင်ကြားထားသည့် ရွေးကောက်ပွဲအမှု ၈၂မှုတွင်  ပြည်ထောင်စု ကော်မရှင်သို့ တင်ပြထားသည့် အမှု တစ်မှုပဲရှိကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်မှ မဇ္ဈိမ သို့ပြောသည်။

"စစ်ဆေးရေးအဖွဲ့မလာခင် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နဲ့ညှိလိုက် လို့ ပြေလည်သွားတာတွေ အများကြီးပဲ၊ညှိနှိုင်းတဲ့သူ တွေတော်လို တော်တော်များပြေလည်သွားတယ်၊အဖွဲ့သွားစစ်တော့ မတိုင်တော့ပါဘူးဆိုတာ တော်တော်များများတွေ့ ရသည်ဟု" တိုင်းကော်မရှင်ဥက္ကဋ္ဌ ကဆိုသည်။

တိုင်ကြားသူများသည် အထင်မှားအမြင်မှာဖြင့် စိတ်ထဲရှိသည့်အတိုင်း တိုင်ကြားသည့် အမှုမှာအများဆုံးဖြစ်ကြောင်း၊ အတိုင်ခံရသည့်ပါတီကို သက်သေအထောက်အထားများဖြင့်   ခေါ်စစ်သည့် အခါတွင်တော့ ထင်သလိုမဟုတ်သည်ကို စစ်ဆေးသည့်အဖွဲ့များက တွေ့ရှိကြောင်း ၎င်းကဆိုသည်။

"တိုင်တဲ့ မြို့နယ်တွေ နင်းကန်တိုင်တယ်၊မအူပင်မြို့၊ပုသိမ်မြို့ အလုံးအရင်းနဲ့တိုင်တယ်၊ဖတ်ကြည့်လိုက်ရင် တချို့ဟာတွေက ထူးထူးခြားခြားဆိုရင် ခရိုင်ကော်မရှင်ကို ဦးစီးခိုင်းတယ် ခရိုင်ကော်မရှင်တစ်ယောက် မြို့နယ် ကော်မရှင်အဖွဲ့ဝင်နှစ်ယောက်စစ်လိုက်ပါ၊သာမန်သေးမွှားဆို မြို့နယ်ကော်မရှင်ကိုပဲ စစ်ခိုင်းလိုက်တယ်"ဟု ဧရာဝတီတိုင်းဒေသကြီးကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးအောင်မြင့်က မဇ္ဈိမသို့ပြောသည်။

ပုသိမ်မြို့နှင့်မအူပင်မြို့များမှာ ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်ကြားမှုအများဆုံးမြို့နယ်များဖြစ်ကြောင်း တိုင်းကော်မရှင် မှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly