သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ဒရုန်းလေယာဉ်ကို တောင်ကိုရီးယားက သတိပေးပစ်ခတ်

သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ဒရုန်းလေယာဉ်ကို တောင်ကိုရီးယားက သတိပေးပစ်ခတ်

ဆိုးလ်၊ ဇန်နဝါရီ ၁၃ ။            ။ ဇန်နဝါရီ ၁၃ က တင်းမာမှုရှိနေသည့် နယ်စပ်ကို ဖြတ်ကျော်လာသည့် သံသယဖြစ်ဖွယ် မြောက်ကိုရီးယား ဒရုန်းလေယာဉ်တစ်စင်းကို တောင်ကိုရီးယားစစ်သားများက သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောသည်။

အဆိုပါဒရုန်းသည် ဆိုးလ်မြို့တော်၏ မြောက်ဘက် ၄၇ ကီလိုမီတာခန့် အကွာ မောင့်ဒိုရာတောင်ရှိ တောင်ကိုရီးယား၏ စစ်ဘက်စောင့်ကြည့်လေ့လာရေးစခန်းတစ်ခု အနီးသို့ ပျံသန်းလာခဲ့သည်။

သို့သော်လည်း ထိုဒရုန်းယာဉ်သည် သတိပေးပစ်ခတ်မှုများ ပြုလုပ်သောအခါ နယ်စပ်ကို ဖြတ်ကာ မြောက်ကိုရီးယားဘက်သို့ ပြန်လည်ပျံသန်းသွားခဲ့သည်ဟု စစ်ဘက်ပြောခွင့်ရ အမျိုးသားတစ်ဦး က ပြောသည်။

တောင်ကိုရီးယားတပ်ဖွဲ့ဝင်များသည် သံသယဖြစ်ဖွယ်မြောက်ကိုရီးယားဒရုန်းယာဉ်ကို စက်သေနတ်ကျည် ၂၀ခန့်ဖြင့် သတိပေးပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယား၏ ယုံဟပ်သတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။ အကြိမ်ရေမည်မျှပစ်ခတ်သည်ကို ပြောရေးဆိုခွင့်ရှိသူက မပြောကြားကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly