ကူညီဖေးမ လက်အစုံမှ စျေးရောင်းပွဲတော်မှ ရရှိသည့်ငွေအားလုံး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်း

ကူညီဖေးမ လက်အစုံမှ စျေးရောင်းပွဲတော်မှ ရရှိသည့်ငွေအားလုံး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ လှူဒါန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ။            ။ ကူညီဖေးမ လက်အစုံမှ ဆွိတီးဟုမ်း ရဲ့ Sakura ဈေးရောင်းပွဲတော်ကို ဇန်နဝါရီ ၁၀ရက် မှ ၁၂ရက် အထိ Junction Square တွင် ကျင်းပခဲ့ပြီး ထိုပွဲမှ ရရှိသည့် ရောင်းရငွေအားလုံးကို ဇန်နဝါရီ ၁၂ရက်တွင် ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း သို့လှူဒါန်းခဲ့သည်။

ကူညီဖေးမ လက်အစုံမှ ဆွိတီးဟုမ်း ရဲ့ Sakura ဈေးရောင်းပွဲတော် မှ ရရှိသည့် ရောင်းရငွေ အားလုံး ကို ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ပေးအပ်သည့်ပွဲကို ဇန်နဝါရီ ၁၂ရက်တွင် ရန်ကုန်မြို့ရှိ Junction Square၌ ပြုလုပ်ခဲ့သည်။

ထို ဈေးရောင်းပွဲတော်၌ Sakura အမှတ်တံဆိပ် မီးဖိုချောင် ပစ္စည်းများကို ဇန်နဝါရီ ၁၀ရက် မှ ၁၂ရက် အထိ Junction Square တွင် ရောင်းချခဲ့ပြီး ကုန်ပစ္စည်းများ၏ ရောင်းရငွေ ၃၈,၇၉၀,၀၀၀ ကျပ်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Sakura အမှတ်တံဆိပ် ကုန်ပစ္စည်းများ ဖြစ်သော Gas မီးဖို၊ ညှော်နံ့စုပ်စက်၊ ရေပူသိုလှောင်စက်၊ ရေပူရေနွေး ရေချိုးစက်၊ ရေသန့်စက်များကို ဆွိတီးဟုမ်း ကုမ္ပဏီမှ တစ်ဦးတည်း ကိုယ်စားလှယ်ယူ၍ ဖြန့်ချိလျက်ရှိသည်။

Sakura အမှတ်တံဆိပ် မီးဖိုချောင် ပစ္စည်းများသည် ထိုင်ဝမ် နိုင်ငံတွင် ၁၉၇၈ ခုနှစ် မှ စတင်ကာ နှစ်ပေါင်း ၃၆နှစ်ကျော် ရပ်တည်ခဲ့ပြီး ထိုင်ဝမ် လူဦးရေ၏ ၆၅% ကျော် သုံးစွဲသည့် ဈေးကွက်ဝေစု ရရှိထားပြီး ဖြစ်သည်။

ကူညီဖေးမ လက်အစုံမှ ဆွိတီးဟုမ်း ရဲ့ Sakura ဈေးရောင်းပွဲတော် ကျင်းပသည့် ဇန်နဝါရီ ၁၀ ရက် နှင့် ၁၂ရက်တို့တွင် “၅မိနစ်အတွင်း မီးဖိုချောင်ပစ္စည်းများ စနစ်တကျထားသိုခြင်း” ပြိုင်ပွဲများလည်း ပြုလုပ် ပေးခဲ့ကာ ဆုများကို တစ်ပြိုင်တည်း ချီးမြှင့် ပေးခဲ့သည်။

ထို့အပြင် ဈေးရောင်းပွဲတော် မကျင်းပခင် ရက် ၂၀ ကြိုတင်ပြီး “Hygiene in kitchen” Facebook Campaign တစ်ခုအား Sweety Home Facebook Page တွင် ကျင်းပ ပေးခဲ့ပြီး ထို Campaign ဆု ရရှိသူများကို ဇန်နဝါရီ ၁၂ရက်တွင် ပြုလုပ်သည့် ရန်ပုံငွေ ပေးအပ်ပွဲတွင် ဆုများ ချီးမြှင့် ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly