TotalEnergies ကုမ္ပဏီ မြန်မာနိုင်ငံမှ ဘာကြောင့် ထွက်ခွာသလဲ 

TotalEnergies ကုမ္ပဏီ မြန်မာနိုင်ငံမှ ဘာကြောင့် ထွက်ခွာသလဲ 

ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီး ဖြစ်ပွားပေါ်ပေါက်သော နိုင်ထက်စီးနင်းပြုကျင့်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို TotalEnergies ကုမ္ပဏီသည် အကြောင်းသင့်စွာ ပြင်းပြင်းထန်ထန် ရှုတ်ချလျက် ရှိသည်။ 

ထိုအချိန်မှစကာ ကျွန်တော်တို့၏ ဆုံးဖြတ်ချက်များသည် ရှင်းလင်းသော မူဘောင်အားဖြင့် ဖော်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းမူဘောင်များမှာ ကျွန်တော်တို့၏ ဆောင်ရွက်ဆဲ စီမံကိန်းများကို ရပ်တန့်ဖြစ်သော်လည်း မြန်မာနှင့် ထိုင်းနိုင်ငံ လူဦးရေကို လျှပ်စစ်မီး ထောက်ပံ့နေရာ၌ မရှိမဖြစ် ဖြစ်သော ရတနာလုပ်ကွက်မှ ဓာတ်ငွေ့ထုတ်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်ရန်၊ ကျွန်တော်တို့၏ အလုပ်သမားများအား ရာဇဝတ်မှုဖြင့် တရားစွဲခြင်း သို့မဟုတ် အတင်းအကျပ် လုပ်အားခိုင်းစေခြင်းများမှ ကာကွယ်ရန်၊ နိုင်ငံပိုင် ရေနံကုမ္ပဏီ MOGE သို့ ဘဏ္ဍာငွေ စီးဝင်ခြင်းကို ကန့်သတ်ရန်တို့ ဖြစ်သည်။ ယင်းနောက်၌ မိမိတို့ ပေးရန်ရှိသော အခွန်အခကို မိမိတို့အနေဖြင့် ရှောင်လွှဲနိုင်ခြင်း မရှိ၍ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံအား ပေးဆောင်ရမည့် အခွန်နှုန်း တူညီသော ပမာဏကို မိမိတို့ လုပ်ငန်းလုပ်ကိုင်ခဲ့ရာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အစည်းများသို့ TotalEnergies အနေဖြင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း မိမိအနေဖြင့် ကြေညာခဲ့သည်။ 

ထိုသို့ အရေးယူ လုပ်ဆောင်သော်လည်း ကျွန်တော်တို့ ထိတွေ့ဆက်ဆံသည့် အဓိကပုဂ္ဂိုလ်အများစု၏ မျှော်လင့်ချက်ကို TotalEnergies အနေဖြင့် ဖြည့်ဆည်းနိုင်ခြင်း မရှိကြောင်း ကျွန်တော်တို့ တွေ့မြင်ရသူည်။ အဓိကပုဂ္ဂိုလ်များနှင့် ပြည်တွင်းနှင့် ပြည်ပ အရပ်ဘက်လူမှုအဖွဲ့အစည်းအချို့သည် နိုင်ငံပိုင် MOGE မှတစ်ဆင့် မြန်မာနိုင်ငံအတွက် အခွန်ဘဏ္ဍာ စီးဝင်နေခြင်းကို ရပ်တန့်ရန် တောင်းဆိုကြသည်။ အခွန်အခအား ရပ်တန့်ရန် ကျွန်တော်တို့အတွက် တရားရေးရာအရ မဖြစ်နိုင်သည့်တိုင် ကျွန်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံရသည်။ ပေးချေရမှု အများစုသည် ထုတ်လုပ်သော ဓာတ်ငွေ့ကို ထိုင်းကုမ္ပဏီ PTT က ဝယ်ယူခြင်းအားဖြင့် ဓာတ်ငွေ့ရောင်းချမှုအား တိုက်ရိုက်ပေးချေခြင်း ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ထို ဘဏ္ဍာငွေစီးဆင်းမှုအပေါ်တွင် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ရေး ပြင်သစ်အာဏာပိုင်များအား စဉ်းစားသုံးသပ်ရန် ကျွန်တော်တို့က တိုက်တွန်းခဲ့သည်။ အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှု၏ ဓာတ်ငွေ့ထုတ်လုပ်ခြင်းများ ပိတ်ချခြင်းကြောင့် လူများအား အပြစ်ပေးသကဲ့သို့ မဖြစ်စေဘဲ ဆိုင်ရာ အကောင့်များသို့ ရတနာလုပ်ကွက် မိတ်ဖက်များမှ ဘဏ္ဍာငွေများ စီးဆင်းစေခြင်းကို ပိတ်ပင်ရန်ပင် ဖြစ်သည်။ ကံဆိုးစွာပင် ထိုသို့ အရေးယူ လမ်းကြောင်းက မအောင်မြင်ခဲ့ပေ၊ ထိုသို့ လုပ်ဆောင်ရန် မိမိတို့အနေဖြင့် ခွဲထုတ်သတ်မှတ်နိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်သကဲ့သို့ အီးယူ၏ ဆန်ရှင်က နိုင်ငံခြား အဖွဲ့အစည်းများသို့ ကျင့်သုံးနိုင်ခြင်း မရှိခြင်းကြောင့် ဖြစ်သည်။ 

ကျွန်တော် ဧပြီ ၂၁ ရက်က ဖော်ပြခဲ့သည့် အထက်ပါ အကျပ်အတည်းပြီးနောက် ကျွန်တော်တို့က လက်ရှိ၌ ချောင်ပိတ်မိနေသည်ဆိုသည်ကို ကျွန်တော်တို့ ဝန်ခံရမည်ပဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျွန်တော်တို့ ရှိခြင်းသည် ကျွန်တော်တို့၏ တန်ဖိုးကို မြင့်တက်စေသည်ဟု ကျွန်တော်တို စဉ်းစားသော်လည်း မြန်မာနိုင်ငံက အခြေအနေသည် လူ့အခွင့်အရေးနှင့် ဥပဒေ စိုးမိုးမှုပိုင်းတွင် ယိုယွင်းဆိုးဝါးလာလျက်ရှိရာ ယင်းကပင် TotalEnergies က ယင်းနိုင်ငံတွင် အပြုသဘော ရေရှည် ရှိမနေနိုင်တော့ခြင်းပဲ ဖြစ်သည်။ 

ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာအားဖြင့် အပြောင်းအလဲတိုင်းကို စဉ်းစားပြီးနောက်တွင် စိတ်မကောင်းသော်လည်း တာဝန်ခံအပြည့်ဖြင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်မှာ TotalEnergies သည် မြန်မာနိုင်ငံ၌ လုပ်ငန်းအားလုံးကို ရပ်တန့်မည်ဖြစ်ကာ စာချုပ်ပါ ခြောက်လသက်တမ်း အဆုံးတွင် ရတနာလုပ်ကွက်မှ နုတ်ထွက်မည် ဖြစ်သည်။ ယခု ဆုံးဖြတ်ချက်သည် TotalEnergies ၏ မဟာဗျူဟာ၊ စီမံကိန်းနှင့် လုပ်ငန်းလည်ပတ်မှု၏ ဗဟိုချက်ဖြစ်သော ရေရှည်မြဲသည့် ဖွံ့ဖြိုးရေးနှင့် လူ့အခွင့်အရေးတို့အတွက် မိမိတို့၏ တာဝန်ဝတ္တရားများအရလည်း ဖြစ်သည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly