အကြမ်းဖက် တိုက်ခိုက်ရေးသမားများဖြစ်လာရန် မလေးရှားကလေးများကို ပြည်ပတွင် အိုင်အက်စ်က လေ့ကျင့်ပေးနေ

အကြမ်းဖက် တိုက်ခိုက်ရေးသမားများဖြစ်လာရန် မလေးရှားကလေးများကို ပြည်ပတွင် အိုင်အက်စ်က လေ့ကျင့်ပေးနေ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၂ ။           ။ မလေးရှားကလေးငယ် ရှစ်ဦးကို အိုက်အက်စ် တိုက်ခိုက်ရေးသမားများဖြစ်လာရန် အိုင်အက်စ်တို့က လေ့ကျင့်ပေးလျက်ရှိကြောင်း ထောက်လှမ်းရေး အာဏာပိုင်များက ထုတ်ဖော်ခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဇန်နဝါရီ ၁၂က ဖော်ပြခဲ့သည်။

ဆီးရီးယားနှင့် အီရတ်တွင် ရှိမည်ဟု ယုံကြည်ရသော လေ့ကျင့်ရေးစခန်းများနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိရန် စုံးစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ဘူကစ်အာမန်အထူးစုံစမ်းစစ်ဆေးရေးဋ္ဌာန၏ ညွှန်ကြားရေးမှူး မိုဟာမက်ဖူဇီဟာရန်က ကွာလာလမ်ပူတွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

"ဒီကလေးတွေကို သူတို့ရဲ့မိဘတွေက စစ်ဒဏ်သင့် နိုင်ငံတွေဆီ ခေါ်သွားခဲ့ကြပြီး ကလေးတွေကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဖြစ်အောင် ပျိုးထောင်နေကြပါတယ်"ဟု ၎င်း၏ပြောကြားချက်ကို ကိုးကား၍ သည်စတားက ဖော်ပြခဲ့သည်။

အမျိုးသမီး ၁၂ ဦးအပါအဝင် မလေးရှားလူမျိုး ၄၇ ဦးသည် အိုင်အက်စ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြပြီး ၎င်းတို့အား အိမ်ပြန်ခေါ်ရန် အာဏာပိုင်တို့က တက်ကြွစွာကြိုးပမ်းနေသည်ဟုလည်း ၎င်းကထပ်မံပြော ကြားခဲ့သည်။ "ဒါပေမဲ့ သူတို့က ပြန်လာဖို့ ငြင်းဆိုထားပါတယ်။ သူတို့ရဲ့အဆုံးစွန်ရည်မှန်းချက်က တိုက်ခိုက်မှုတွေလုပ်ပြီး အာဇာနည်အဖြစ်နဲ့ သေဆုံးဖို့ပါ"ဟု ၎င်းကပြောသည်။

နှစ်နှစ်ထိငယ်ရွယ်သော ကလေးများမှစ၍ ကလေးများကို မျိုးဆက်သစ်အကြမ်းဖက်သမားများဖြစ်လာရန် ပင်လယ်ရပ်ခြားတွင် လေ့ကျင့်ပေးနေကြောင်း လွန်ခဲ့သည့်လက မလေးရှားရဲတပ်ဖွဲ့က သတိပေးခဲ့သည်။

စစ်သင်တန်းတက်နေသောကလေးများ၊ အိုင်အက်စ်အဖွဲ့နှင့် ခေါင်းဆောင်အပေါ် သစ္စာစောင့်သိမည့်အကြောင်း ကလေးများက ကျိမ်ဆိုနေပုံများကို ရိုက်ကူးထားသော ဗီဒီယိုကိုလည်း ပြသခဲ့သည်။

အလားတူ သင်တန်းစခန်းများ ဆောက်လာမည်ကို စိုးရိမ်ကြောင်း ထိုအချိန်က အကြမ်းဖက်မှုတိုက်ဖျက်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly