မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပြည်ပကုမ္ပဏီအရေအတွက် များပြားလာ 

မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပြည်ပကုမ္ပဏီအရေအတွက် များပြားလာ 

ဇန်နဝါရီ ၂၂

TotalEnergies နှင့် Chevron ကုမ္ပဏီတို့၏ ပြီးခဲ့သည့် သောကြာနေ့က ကြေညာချက်ကြောင့် လွန်ခဲ့သည့် တစ်နှစ်နီးပါးက စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသည့် ပြည်ပကုမ္ပဏီအရေအတွက် ပို၍ များပြားစေခဲ့သည်။ 

စစ်တပ်၏ ဖြိုခွင်းမှု၌ အရပ်သားသေဆုံးမှုသည် ၁၅၀၀ ကျော်မက ရှိခြင်းကြောင့် တက်ကြွလှုပ်ရှားသူများက ပြည်ပကုမ္ပဏီများအား ဖိအားများ ပေးလျက် ရှိနေသည်။ 

လူဦးရေ သန်း ၅၀ ကျော်သော မြန်မာနိုင်ငံ၌ စစ်တပ်က ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် စီးပွားရေး လွတ်လပ်ခွင့်များကို လမ်းစခင်းလာချိန်၌ တိုင်းပြည်အတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်သူများ စီးဝင်လာခဲ့သည်။ 

ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများ၌ ရင်းနှီးလုပ်ကိုင်လာခကြသည်။ 

လက်ရှိ၌ ပြည်ပကုမ္ပဏီများအနေဖြင့် TotalEnergies နှင့် Chevron တို့ကဲ့သို့ မြန်မာနိုင်ငံမှ ထွက်ခွာခြင်း၊ လုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် ပုံမှန်အတိုင်း စီးပွားရေး ဆက်လက်လုပ်ကိုင်ခြင်းတို့အပေါ် စဉ်းစားဆုံးဖြတ်ခြင်းနှင့် မျက်နှာမူနေရပြီ ဖြစ်သည်။ 

TotalEnergies နှင့် Chevron တို့၏ ထွက်ခွာရန် ဆုံးဖြတ်ချက်သည် သိသိသာသာ အရေးပါသည်။ ကပ္ပလီပင်လယ်အတွင်း ရတနာဓာတ်ငွေ့လုပ်ကွက်အတွက် အခကြေးနှင့် အခွန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်နေရခြင်းကြောင့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အကြီးမားဆုံး နိုင်ငံခြားဝင်ငွေ ရရှိနေရာဖြစ်ကြောင်း လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အရ သိရသည်။ 

ပြီးခဲ့သည့်နှစ်၌ နော်ဝေက တယ်လီနောကုမ္ပဏီကလည်း မြန်မာနိုင်ငံက လုပ်ငန်းကို ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဖုန်းကွန်ရက်၌ တစ်ခုအပါအဝင် ဖြစ်သည့် တယ်လီနောလုပ်ငန်း ရောင်းချရေးက အပြီးမသတ်နိုင်ဘဲ ရှိနေသည်။ 

ယခု သီတင်းပတ်၌ တယ်လီနောသည် ၎င်း၏ Wave Myanmar မှ ရှယ်ယာများအား ရောင်းချခဲ့သည်။ 

အာဏာမသိမ်းခင်က မြန်မာနိုင်ငံ၌ အလုပ်သမား ၁၀၀၀၀၀ ကျော်ထက်မနည်း အလုပ်ပေးထားရာ British American Tobacco ကုမ္ပဏီသည်လည်း အောက်တိုဘာလအတွင်း လုပ်ငန်းရပ်တန့်ခဲ့သည်။ 

ပြင်သစ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကုမ္ပဏီ Voltalia သည်လည်း နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်၌ မြန်မာစက်ရုံမှနေ၍ ကားထုတ်လုပ်ရေး ဆောင်ရွက်ရန် စီစဉ်ထားသည့် Toyota ကုမ္ပဏီသည်လည်း အစီအစဉ်ကို ရပ်တန့်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly