ရေကြီးမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဆောင်ရွက်ချက် လွှတ်တော်တွင်မေးခွန်းထုတ်မည်

ရေကြီးမှုနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဆောင်ရွက်ချက် လွှတ်တော်တွင်မေးခွန်းထုတ်မည်

ပုသိမ်၊ဇန်နဝါရီ ၁၁ ။            ။ ဧရာဝတီတိုင်းဒေသကြီး၊ ပထမအကြိမ် လွှတ်တော် နောက်ဆုံးအစည်းအဝေးတွင် ရေကြီးနစ်မြုပ်များနှင့်ပက်သက်ပြီး အစိုးရအဖွဲ၏ လုပ်ဆောင်ချက်အား ရေကြည်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေးက မေးခွန်းမေးမည်ဖြစ်ကြောင်းသိရှိရသည်။

"မြို့နယ်တွေမှာ ရေကြီးတုန်းကရော ပြန်ကျချိန်ရော အစိုးရ ထိထိရောက်ရောက်ကူညီလုပ်ဆောင်တာမတွေ့ရဘူး၊ရေတို ကယ်ဆယ်ရေးမှာ လည်းမတွေ့ရဘူး ၊ရေရှည်ပြန်လည် ထူထောင်ရေးမှာ ထောက်ပံ့ပေးတာတွေ့မတွေ့ရဘူး အဲဒါနဲ့ပတ်သက်ပြီး အစိုးရဘယ်လိုလုပ်ဆောင်တာ သိရဖို့တိုင်းလွှတ်တော်မှာ မေးခွန်းမေးမယ်" ဟု ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်၊ပထမပုံမှန်နောက်ဆုံးအစည်းအဝေးအား ဇန်နဝါရီဘ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၅ခုနှစ်အတွင်း ရေကြီးစဉ်က နိုင်ငံတကာထောက်ပံ့ရေး ပစ္စည်းများ၊ငွေကြေး လှူဒါန်းခြင်းများကို မည်သို့စီမံခန့်ခွဲလုပ်ဆောင်နေသည်ကို မေးမြန်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း သြဂုတ်လတွင်ရေကြီးမှုများကြောင့် ကျပ်ငွေ၂၃၆၀၁.၂၂၉ သန်းကျော် ဆုံးရှုံးခဲ့ကြောင့် တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစန်းမောင်က မဇ္ဈိမ သို့ပြောသည်။

ရြေက်ီးမှုကြောင့် မြို့နယ်၁၉မြို့တွင်အိမ်ထောင်စု ၁၂၁၆၅၂ ၊လူဦးရေ ၅၀၅၂၉၂ဦးခံစားရပြီး၊လယ်မြေ၃၁၄၆၅၁ ဧက ရေနစ်မြုပ်ပြီး၊လယ်မြေ ၁၉၆၀၈၅ဧက ပျက်စီးခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရထုတ်ပြန်သည့်စာရင်းအရ သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly