ပလက်ဝမြို့နယ်က သင်းအုပ်ဆရာအပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးကို လူသားဒိုင်းအဖြစ်အသုံးပြု ဖမ်းဆီးထား

ပလက်ဝမြို့နယ်က သင်းအုပ်ဆရာအပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးကို လူသားဒိုင်းအဖြစ်အသုံးပြု ဖမ်းဆီးထား

ဇန်နဝါရီ ၁၄

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ တိုင်ဝအုပ်စု၊ ပါးဝ​ကျေးရွာမှ အင်ဂလီကန်အသင်း​တော် သင်းအုပ်ဆရာကြီး ဦးထန်နွဲ့ အပါအဝင် ရွာသူ၊ ရွာသား ၂၅ဦးအား ဇန်နဝါရီလ ၅ရက်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီး​ခေါ်​ဆောင်သွားပြီး ပလက်ဝမြို့ရှိ ခမရ (၂၈၉ )တပ်ရင်းသို့ပို့​​ဆောင်ခဲ့ကြောင်း သိရသည်။

''ဇန်နဝါရီလ ၄ရက်နေ့မှာ ဆမီးဗျူဟာအခြေစိုက်စစ်တပ်ကနေ ဆမီးချောင်းရိုး တစ်လျှောက် စစ်ကြောင်းထိုးကြတယ်။ အဲဒီမှာ ပါဝကျေးရွာထဲကို သေနတ်တွေပစ်ဖောက်ပြီး သူတို့ဝင်လာတာ၊ အင်္ဂလိကန် အသင်းတော်က ဆရာတော်ထန်နွဲ့ အပါအဝင် ရွာသား ၂၅ယောက်ကို ဖမ်းခေါ်သွားကြတယ်။ အခုတော့ ပလက်ဝ ( ၂၈၉ )တပ်ထဲ ပို့လိုက်တယ်ကြားတယ်။ ပြီးတော့အရင်အစိုးရလက်ထက်မှာ အုပ်ချုပ်ရေးမှူး လုပ်နေတဲ့ကျေးရွာကရွာလူကြီး ၁၃ဦးကိုလည်းအခု ဆမီးဗျူဟာမှာဖမ်းဆီးထားတယ်''ဟု ဆမီးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒလန်များ၏သတင်းပေးမှုကြောင့် CDF-ပလက်ဝ တပ်ရင်း (၁ )နယ်မြေကို စစ်ကောင်စီ ဆမီးဗျူဟာအခြေစိုက်စစ်ကြောင်းမှ အင်အား၁၃၀ကျော် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်မရှိ ရှောင်တိမ်းနိုင်ခဲ့သည် ဟုလည်း CDF-ပလက်ဝမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly