ထားဝယ်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေဟု သတင်းထွက်ပေါ် လုံခြုံရေး တင်းကျပ်

By ကိုရွှေမြိတ်
13 January 2022
ထားဝယ်မြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေဟု သတင်းထွက်ပေါ် လုံခြုံရေး တင်းကျပ်

ဇန်နဝါရီ ၁၃

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ဝင် ၂၇ ဦး ယနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ထားဝယ်မြို့သို့ ရောက်ရှိနေကြာင်း သတင်းများ ထွက်ပေါ်နေပြီး တစ်မြို့လုံး လုံခြုံရေး တင်းတင်း ကျပ်ကျပ် ချထားကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ခံ တစ်ဦးက"မင်းအောင်လှိုင်နဲ့ အဖွဲ့ ထားဝယ်မြို့ကို ဒီကနေ့ မနက်မှာ ရောက်နေပြီလို့တော့ ကြားတယ်၊ ဘာလာလုပ်တယ် ဘယ်သွားမယ် ဆိုတာ တိတိကျကျ မသိရသေးပါဘူး၊ လုံခြုံရေးတွေတော့ တစ်မြို့လုံးကို တင်းတင်းကျပ်ကျပ် ချထားတာ တွေ့ရတယ်"ဟု ပြော သည်။

စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် သည် ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးသို့ သွားရောက်မည်ဆိုသည့် သတင်း ထွက်ပေါ်နေသော်လည်း သီခြား အတည်ပြု နိုင်ခြင်း မရှိသေးပေ။

ပုံစာ- ထားဝယ်မြို့ ဇန်နဝါရီ ၁၃ရက် နံနက်ခင်း မြင်ကွင်း။ ဓာတ်ပုံ -ဖိုးဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly