မြောက်ဒဂုံ ငါးမာန်အောင်ဘုရားအနီး ပစ်ခတ်မှုဖြစ်ပွား

မြောက်ဒဂုံ ငါးမာန်အောင်ဘုရားအနီး ပစ်ခတ်မှုဖြစ်ပွား

ဇန်နဝါရီ ၁၂

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၃၃) ရပ်ကွက် ငါးမာန်အောင်ဘုရားအနီး ယနေ့ မွန်းလွဲ ၂ နာရီ ၁၀မိနစ်အချိန် ခန့်တွင် သေနတ်များဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းပတ်၀န်းကျင်နေထိုင်သူတစ်ဦးက မဇ္စျိမ ကိုပြောသည်။

ထို့ကြောင့် ငါးမာန်အောင်ဘုရားလမ်းဘက်မှ ဘေလီတံတားဘက်သို့ သွားလာနေသော ယာဉ်များ လာရာလမ်းကြောင်း အတိုင်းပြန်လည်ကွေ့ကာ မောင်းနှင်နေပြီး၊ ပစ်ခတ်မှု ဖြစ်ပွားသည့် ဘုရားလမ်းနှင့် အနီးပတ်၀န်းကျင်ကို စစ်ကောင်စီတပ်များ လမ်းပိတ်ဆို့ စစ်ဆေးလျှက်ရှိသည်။

“ ဘယ်လိုစဖြစ်လဲဆိုတာတော့ မသိဘူး။ သေနတ်ပစ်သံတွေကြားတော့ ကျွန်တော်တို့လည်း ထွက်ပြေးကြတာ။ သေနတ်ပစ်သံက ဆယ်ချက်ကျော်မယ်။ ဆက်တိုက်ဆိုသလိုလည်း ပစ်ခတ်သံတွေ ကြားနေရတယ်။” ဟု ဆိုသည်။

ယင်း ပစ်ခတ်မှုဖြစ်စဉ်မှာ မည်သို့ ဖြစ်ပွားခဲ့သည်ကို မသိရှိရသေးဘဲ ဖြစ်စဉ်ဖြစ်ပွားသည့် အခြေအနေကို ဆက်လက်စုံစမ်းလျှက်ရှိသည်။

ထို့အပြင် ယနေ့တွင် သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏ ပြည်ထောင်စုပန်းခြံအနီးတစ်ဝှက် သွားလာနေသော ပြည်သူများ ယင်းနေရာမှ ရှောင်ရှားသွားလာကြရန် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက အသိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required