မြိတ်မြို့တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမျိုးသမီး ၂ ဦး အနက် ၁ ဦးကို ပြန်လွှတ်ပေး

By ကိုရွှေမြိတ်
11 January 2022
မြိတ်မြို့တွင် စစ်ကောင်စီ ဖမ်းဆီးသွားသည့် အမျိုးသမီး ၂ ဦး အနက် ၁ ဦးကို ပြန်လွှတ်ပေး
ပုံ-ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရသူ မသဲပွင့်ဖြူ

ဇန်နဝါရီ ၁၁

စစ်သင်တန်းသွားတက်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးသွားသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့က အမျိုးသမီး နှစ်ဦး အနက် တစ်ဦးကို ယမန်နေ့ ဇန်နဝါရီလ ၁၀ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းနဲ့ နီးစပ်သူများထံမှ သိရသည်။

မြိတ်မြို့ခံ တစ်ဦးက "တစ်ယောက် ပြန်လွှတ်ပေး လိုက်ပါတယ်။ သူက မမီးညိုပါ။ ရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်"ဟု ပြောသည်။

ဆက်လက် ဖမ်းဆီးခံထားရသူမှာ မသဲပွင့်ဖြူ ဖြစ်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုချင်ကြောင်း ၎င်းက ပြောသည်။

၎င်းတို့ နှစ်ဦးကို ဇန်နဝါရီလ ၈ ရက် ည ၁၂ နာရီ တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly