ဖက်ရှင်ရူးသွပ်သူ ခရူးရဲလ်လာ ဒီဗေးလ်အဖြစ် သရုပ်ဆောင်ရန် အမ်မာဝပ်ဆင် Disney ကုမ္ပဏီနှင့် ဆွေးနွေး

ဖက်ရှင်ရူးသွပ်သူ ခရူးရဲလ်လာ ဒီဗေးလ်အဖြစ် သရုပ်ဆောင်ရန် အမ်မာဝပ်ဆင် Disney ကုမ္ပဏီနှင့် ဆွေးနွေး

ဟောလီးဝုဒ်မင်းသမီး အမ်မာစတုန်းသည် 101 Dalmations ဇာတ်ကားကို ပြန်လည်ရိုက်ကူး မည့် Cruella ဇာတ်ကားတွင် ခရူးရဲလ်လာဒီဗေးလ်အဖြစ် သရုပ်ဆောင်ရန် Disney ကုမ္ပဏီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်လျက် ရှိသည်။

Disney ကုမ္ပဏီသည် ယင်းဇာတ်ကားကို ယခုနှစ်နှောင်းပိုင်းတွင် စတင်ရိုက်ကူးရန် ရည်မှန်း ထားကြောင်းနှင့် ယခုအချိန်ထိ ယင်းဇာတ်ကားကို မည်သည့်ဒါရိုက်တာ ရိုက်ကူးသွားမည်ကို မသိရှိ သေးကြောင်း Hollywood Reporter သတင်းဌာနက ဇန်နဝါရီ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

Cruella ဇာတ်ကား ဇာတ်ညွှန်းကို ဗြိတိန်စာရေးဆရာ ကာလီမာကဲလ်က  မူလဝတ္ထူ ဇာတ်ကောင်စရိုက်အတိုင်း ရေးသားထားပြီး  အန်ဒရူးဂန်က ထုတ်လုပ်သွားမည်ဖြစ်ကာ ခရစ္စတင်ဘာ နှင့် ဂျက်ဆီကာဗာချူတို့က စတူဒီယိုကို ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဒီဗေးလ်သည် အမွေးတိုဖြူဖြူတွင် အနက်ကွက်များပါသော ခွေးသားရေများဖြင့် ကုတ်အင်္ကျီ ချုပ်ရန် ယင်းခွေးများကို လိုက်လံဖမ်းဆီးသည့် သူတစ်ဦးဖြစ်သည်။

၁၉၆၁ ခုနှစ်က ရိုက်ကူးခဲ့သော အဆိုပါ ဇာတ်ကား အန်နီမေးရှင်း ရုပ်ရှင်တွင်  ဒီဗေးလ်အဖြစ် မင်းသမီး ဘက်တီလုဂါဆန်က အသံပိုင်းနေရာတွင် သရုပ်ဆောင်ထားပြီး သားမွေးဖက်ရှင်ကို ရူးသွပ် သော ချမ်းသာသည့် အမျိုးသမီးတစ်ဦး ဇာတ်ကောင်စရိုက်ကို ပုံဖော် ရိုက်ကူးထားသည်။

၁၉၉၆ ခုနှစ်က ပြန်လည်ရိုက်ကူးထားသော အောင်မြင်မှုရရှိခဲ့သည့် 101 Dalmations ဇာတ်ကားတွင် မင်းသမီးဂလန်ကလို့စ်က ဖက်ရှင်ဒီဇိုင်းဆိုင်၏ အကြီးအကဲအဖြစ် သရုပ်ဆောင်ထား သည်။
စတုန်းသည် Aloha ဇာတ်ကားတွင် နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ ဒါမီအန်ချန် ဇဲလ်လီ၏ La La Land ဇာတ်ကားတွင် မင်းသား ရိုင်ရန်ဂေါ့စ်လင်းနှင့် အတူတွဲဖက် သရုပ်ဆောင် လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly