ပုလောမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ၃ဦး ပစ်ခတ်ခံရ၍ သေဆုံး

By ကိုရွှေ​မြိတ်
28 December 2021
ပုလောမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ၃ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာ နှစ်ရွာ၌ နှစ်ရက်အတွင်း စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည် ထွက်နေသူ သုံးဦးကို PDF နှင့် PRDF တပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ယင်းအဖွဲ့များ၏ အဖွဲ့၀င်များထံမှ သိရသည်။

ပုလောမြို့ အခြေစိုက် စစ်ကောင်စီ ခလရ (၂၈၅ )တပ်ရင်း၏ သတင်းပေး လမ်းပြပြုလုပ်‌ပေးနေသူဟု နာမည်ထွက်နေသည့် လင်မယား နှစ်ဦးကို ဒီဇင်ဘာလ ၂၆ ရက် ညနေ ၆ နာရီခန့် အချိန်တွင် ကျောင်းနိမ့်ကျေးရွာရှိ ဥယျာဥ်ခြံအတွင်း PRDF အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုအပြင် ဒီဇင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင်လည်း စစ်​ကောင်စီ သတင်းပေးဟု နာမည်ထွက်နေသူတစ်ဦးဖြစ်သည့် ပဝတ်ကုန်း​ကျေးရွာ​နေ အမျိုးသား တစ်ဦးကို ယင်းရွာ သင်္ချိုင်းထဲတွင် PDF နှင့် PRDF တပ်ဖွဲ့တို့မှ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းပစ်ခတ်မှုပြုလုပ်သည့် အဖွဲ့၀င်ထံမှ သိရသည်။

"အလောင်း​တွေကို ထားခဲ့ပေးပါတယ်။ စစ်ကောင်စီ အလိုကျ သတင်းပေး လမ်းပြပေးနေတဲ့ လောက်ကောင်တွေအတွက် သေဒဏ်က အထိုက် တန်ဆုံးမို့ပါ"ဟု ရှင်းလင်းမှုတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly