ချင်းမိုင်တွင် ကလေးသူငယ်လိင်မှုကိစ္စဖြင့် ဗြိတိန်ဘုန်းကြီးဟောင်း အဖမ်းခံရ

ချင်းမိုင်တွင် ကလေးသူငယ်လိင်မှုကိစ္စဖြင့် ဗြိတိန်ဘုန်းကြီးဟောင်း အဖမ်းခံရ

ချင်းမိုင်၊ ဇန်နဝါရီ ၇ ။           ။ ထိုင်းနိုင်ငံ ချင်းမိုင်ပြည်နယ်တွင် ကလေးငယ်များ လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများ ကွန်ပြူတာအတွင်း သိမ်းဆည်းတွေ့ရှိသည့် အသက် ၆၄ နှစ်အရွယ် ဗြိတိန်တစ်ဦးကို ဇန်နဝါရီ ၆ ရက်က ဖမ်းဆီးခဲ့သည်။

အင်္ဂလိပ်ဆရာနှင့် ဘုန်းကြီးလူထွက်တစ်ဦးဖြစ်သည့် ဖာဘီယန်ဖရက်ဒရစ်ဘလန့်ဖော့ဒ်ဆိုသူကို ချင်းမိုင်ရှိ ဖန်ခရိုင်အတွင်းက ၎င်း၏ နေအိမ်တွင် အထူးထောက်လှမ်းရေး DSI က ဝင်ရောက်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလလယ်က ဖရက်ဒရစ်ကိုင်ဆောင်သည့် IP address မှ ကွန်ပြူတာတွင် ကလေးလိင်ပုံများ တင်ထားတွေ့ရှိကြောင်းကို အမေရိကန်ပြည်ထဲရေးဌာနနှင့် အမေရိကန် ကလေးပျောက်ဆုံးရှာဖွေရေး အမျိုးသားစင်တာက သတိလှမ်းပေးမှုဖြင့် DSI က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖရက်ဒရစ်က ထိုင်းတွင် ထိုင်းဇနီးဖြစ်သူနှင့် ကလေးတစ်ဦးနှင့်အတူ နေထိုင်နေခြင်းဖြစ်သည်။

ဖရက်ဒရစ်သည် ကလေးများနှင့် နီးနီးကပ်ကပ်နေရရန် ဟန်ဆောင်ပြီး ကလေးကိုယ်တုံးလုံးပုံများ ရိုက်ယူကာ အင်တာနက်တွင် ဖြန့်ဝေကြောင်း ရဲက စွဲဆိုထားသည်။ ထိုပြင် အင်္ဂလိပ်စာသင်ဆရာအဖြစ် လုပ်ကိုင်ခြင်းကလည်း ကလေးငယ်များကို ဖြားယောင်းသွေးဆောင်ဖို့ အသုံးချခြင်းသာဖြစ်ကြောင်းလည်း စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly