အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု ၂ မှုအတွက် ယနေ့ အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန်နှင့် ဆက်သွယ်ရေးအမှု ၂ မှုအတွက် ယနေ့ အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

ဒီဇင်ဘာ ၂၇

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုနှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ အမှု နှစ်မှုတို့အတွက် ယနေ့ အမိန့်မချဘဲ ဇန်နဝါရီလ ၁၀ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှသိရသည်။

အဆိုပါ အမှုနှစ်မှု အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်က အပြီးသတ် အမိန့်ချရန် တရားရုံးက ဆုံးဖြတ်ထားသော်လည်း အမိန့်ချမှတ်မည့်နေ့တွင် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးတရားခွင် တရားသူကြီးက မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ဒီဇင်ဘာ ၂၇ရက်သို့ ရက်ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံကို ထပ်မံဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required