အိပ်မက်ဆုံရာ Season 9 Winner ဆုရှင် မိုးစျာန်၏ ဘယ်သူဖန်ဆင်းလဲ တေးအယ်ဘမ် ဇန်နဝါရီ ၁၆ ရက်တွင် ထွက်ရှိမည်

အိပ်မက်ဆုံရာ Season 9 Winner ဆုရှင် မိုးစျာန်၏ ဘယ်သူဖန်ဆင်းလဲ တေးအယ်ဘမ် ဇန်နဝါရီ ၁၆ ရက်တွင် ထွက်ရှိမည်

အိပ်မက်ဆုံရာ Season 9 တွင် Winner ဆု ရရှိခဲ့သည့် အဆိုတော် မိုးဈာန်သည် ၎င်း၏ ဘယ်သူဖန်ဆင်းလဲဟု အမည်ပေးထားသည့် ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇန်နဝါရီ ၁၆ ရက်တွင် စတင် ထွက်ရှိတော့မည် ဖြစ်သည်။

အဆိုတော် မိုးဈာန်၏ ဘယ်သူဖန်ဆင်းလဲ ပထမဆုံး တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိ မည့်အကြောင်း စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် ဘုရား လမ်းရှိ Odchid Hotel ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဘယ်သူဖန်ဆင်းလဲ တစ်ကိုယ်တော်အခွေကို တစ်နှစ်ကြာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး တေးသီချင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ကာ တေးသီချင်းများစွာ စုံလင်စွာ ပါရှိပြီး ၎င်းကိုယ်တိုင် ရေးသားထားသည့် သီချင်းလည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် မိုးဈာန်က " အိပ်မက်ဆုံရာ ပြိုင်ပြီးပြီးချင်းပဲ ဒီအခွေကို စီစဉ်ဖြစ်တာပါ။ တစ်နှစ် ကျော်ကြာ ကြာခဲ့ပါတယ်။ ဒီအခွေမှာ ကျွန်တော် သီချင်း ၁ ပုဒ် ပါပါတယ်။ ပရိသတ် လက်ခံနိုင်မယ့် သီချင်းတွေရော ကျွန်တော်ကြိုက်တဲ့ သီချင်း ပုံစံမျိုးတွေပါ ပါပါတယ်" ဟု ပြောသည်။

Plus Three Band နှင့် တီးခတ်ထားပြီး Metal Zone Studio တွင် အသံသွင်းထားကာ တေးရေးများအဖြစ် မင်းချစ်သူ၊ လင်းလင်း၊ အောင်ကိုမြင့်၊ ဝေလ၊ ညီမင်းခိုင်၊ မိုးဈာန် ရေးသား ထားသည့် သီချင်းများလည်း ပါဝင်မည် ဖြစ်သည်။

အဆိုတော် မိုးဈာန်၏ ဘယ်သူဖန်ဆင်းလဲ တစ်ကိုယ်တော် တေးအယ်ဘမ်ကို ဇန်နဝါရီ ၁၆ ရက်တွင် CMP တေးထုတ်လုပ်ရေးမှ စတင် ဖြန့်ချိမည်ဖြစ်ပြီး အခွေထွက်ရှိသည့် နေ့တွင် ပရိုမိုးရှင်း ပွဲကို Dagon Center 2 ၌ ပြုလုပ်မည် ဖြစ်သည်။

အခွေ ပရိုမိုးရှင်းပွဲကို အဆိုတော် မိုးဈာန်မှ ညနေ ၃ နာရီမှ ၅ နာရီအထိ ၎င်းအပါအဝင် အိပ်မက်ဆုံရာမှ သူငယ်ချင်းများကလည်း အမှတ်တရ လက်မှတ် ရေထိုးပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly