သေဒဏ်ကျခံ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး လုပ်ပေးရန် ပုသိမ်တွင် တောင်းဆို

သေဒဏ်ကျခံ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေး လုပ်ပေးရန် ပုသိမ်တွင် တောင်းဆို

သမ္မတ အပါအဝင် တာဝန်ရှိသူများက ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့အား ပြန်လည် လွတ်မြောက်စေရန် သံတမန်နည်းလမ်းဖြင့် နိုင်ငံသားနှစ်ဦး   ဆောင်ရွက်ပေးရေး အပါအဝင် အချက် ၃ချက်အား တောင်းဆို ဆန္ဒပြပွဲကို ဇန်နဝါရီလ ၆ရက်က ပုသိမ်မြို့တွင် ပြုလုပ်သည်။

တောင်းဆိုချက်များအဖြစ် ထိုင်းနိုင်ငံရောက် ရွှေပြောင်း အလုပ်သမားများ ဖြစ်ကြသော မြန်မာနိုင်ငံသား ဇော်လင်းနှင့် ဝင်းဇော်ထွန်း တို့၏အမှုအား ထိုင်းတရားရုံးမှ တရားမျှတစွာ စစ်ဆေးဆုံးဖြတ်ပေးရန်၊ David Miller နှင့် Hannah Withridage တို့ကို အမှန်တကယ် သတ်သော အဓိကတရားခံများအား ရှာဖွေထုတ်၍ မြန်မာနိုင်ငံသားနှစ်ဦးအား အယူခံတွင် တရားသေ လွှတ်ပေးရန် တို့ကိုတောင်းဆိုခဲ့သည်။

"ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံရတဲ့ ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့အတွက်မခံနိုင်လို့ လုပ်တာပါ တရားမျှတအောင် ပြန်ပြီး အမှုကိုပြန်စစ်ပေးပါ"ဟု ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးအောင်ကိုဝင်းမှ မဇ္ဈိမသို့ပြောသည်။

ထိုင်းနိုင်ငံသားများအား တိုက်ခိုက်ခြင်းမဟုတ်၊ မျှတမှုမရှိသော စစ်ဆေးခြင်းနှင့် တရားစီမှု အပေါ်သာ ဆန့်ကျင်ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ဆန္ဒပြသူများက ဆိုသည်။ ဆန္ဒဖော်ထုတ်ပွဲအား ပုသိမ်မြို့၊ ပန်းဆက်မှစတင်ပြီး မြို့တွင်းလှည့်လည်ကာ မြို့တော်ခန်းမရှေ့တွင် အဆုံးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly