တူမီးကြီး လက်နက် စမ်းသပ်အောင်မြင်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

By ပါခွီး
24 December 2021
တူမီးကြီး လက်နက် စမ်းသပ်အောင်မြင်ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF (Tamu) အနေဖြင့် သာမန် တူမီးသေနတ်ထက် ပိုမိုပြင်းထန် ထိရောက်သည့် တူမီးကြီးလက်နက်အား စမ်းသပ် အောင်မြင်ခဲ့ကြောင်း ပြောသည်။

“ကျွန်တော်တို့ဖက်က စစ်ကောင်စီ တပ်ဖွဲ့တွေထက် လက်နက်အင်အား နည်းပါးတော့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ တည်ထွင်ကြံဆထားတာပါ” ဟု PDF Tamu တပ်ရင်း (၁) မှ ဗိုလ်ဘမှန် က ပြောသည်။

၎င်းတူမီးကြီးသည် ကျည်ဆံဖြင့် ပစ်ခတ်ခြင်းမျိုး မဟုတ်ဘဲ တူမီးသေနတ်ကဲ့သို့ ယမ်းနှင့် သံတိုသံစများ ထည့်၍ ပစ်ခတ်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

ယခု စမ်းသပ်ထားသည့် တူမီးကြီးသည် ပေ ၂၀၀ အတွင်းရှိ သစ်ပင်များ အပိုင်းပိုင်း ပြတ်တောက်သွားနိုင်သည်အထိ ပြင်းထန်ကြောင်း ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့က PDF Tamu တပ်ရင်း(၁) မှ တပ်ဖွဲ့ဝင်များ တမူးမြို့ရှောင်လမ်းတွင် နယ်မြေ ရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ် ခလရ (၂၆၆) မှ တပ်ကြပ်တစ်ဦး အပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly