ကလေး ခိုးသည့် ကောလဟာလကြောင့် ပုသိမ်ရဲတို့ သတင်းစာရှင်းလင်းပွဲ လုပ်ရသည်အထိရှင်းလင်းရ

ကလေး ခိုးသည့် ကောလဟာလကြောင့် ပုသိမ်ရဲတို့ သတင်းစာရှင်းလင်းပွဲ လုပ်ရသည်အထိရှင်းလင်းရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် ကလေးခိုးယူသည်ဟူသည့် ကောလဟာလများ ထွက်ပေါ်နေရာ အဆိုပါ ဖြစ်ရပ်များ မဟုတ်မှန်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးကိုယ်တိုင် သတင်းစာရှင်းလင်းပွဲပြုလုပ် ရှင်းရသည်အထိ ဖြစ်ပေါ်ခဲ့သည်။

ပုသိမ်မြို့နယ်နှင့် အခြားမြို့နယ်များတွင်ပါ အဆိုပါ ကောလဟာလ ပြန့်နှံ့နေရာ ပုသိမ်မြို့နယ် ဘုရားကုန်း ကျေးရွာတွင်လည်း ကလေးခိုးမှုပေါ်ပေါက်ကြောင်း သတင်းထွက်ပေါ်ခဲ့ရာ မဟုတ်မှန်ကြောင်းအား ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ပုသိမ်မြို့ ဘုရားကြီးကုန်းရွာတွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ရှင်းလင်းခဲ့ရသည်။

"ကလေးတာ ခိုးမဟုတ်ပါဘူး၊ ကလေး နောက်ဘက်သွားရင်း ခြံထဲလူစိမ်းမြင်တာကို သူ့အမေပြောပြတယ်၊ သူအမေက တဆင့်အလုပ်က ပြန်လာတဲ့ အမျိုးသား ပြောတော့ လိုက်ရှာတယ် မတွေ့ပါဘူး ၊ ဖေ့ဘုတ်စ် ပေါ်တင်တဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေမယုံပါနဲ့"ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စိုးမှ ရှင်းလင်းပွဲတွင် ပြည်သူများအားပြောသည်။

“ပုသိမ်မှာ ကလေးခိုးမှု တိုင်ထားတယ် အမှုလည်းမရှိဘူး၊ ကလေးတွေ ပျောက်တာလည်းမဟုတ်ဘူး” ဟုလည်း ပြောသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၆နာရီကျော်တွင် ဘုရားကြီးကုန်းကျေးရွာနေ မမေသူ ၁၂ နှစ် အိမ်နောက်ဘက်ထွက်စဉ် လူတဦးအား တွေ့ရှိပြီး မိခင်ဖြစ်သူဒေါ် နှင်းနှင်းအေးပြောပြရာ၊မိခင်ဖြစ်သူမှ အလုပ်ကပြန်လာသည့်ဖခင်အား ပြောပြ ဖခင်မှ နောက်ဖက်တွင် သွားရောက် ရှာမတွေ့သဖြင့် အနီးအနားရှာရာ ပတ်ဝန်ကျင်မှ လူအများ လိုက်ရှာဖွေသည်အထိ ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly