တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးရှေ့ရှိ ဆိုင်များမှပစ္စည်းများကို စစ်ကောင်စီနှင့်စည်ပင် ဖျက်ဆီး ယူဆောင်

တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးရှေ့ရှိ ဆိုင်များမှပစ္စည်းများကို စစ်ကောင်စီနှင့်စည်ပင် ဖျက်ဆီး ယူဆောင်

ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးရှေ့ရှိ ဆိုင်များမှ ပစ္စည်းများကို  ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ ခန့်က စစ်‌ကောင်စီနှင့် စည်ပင်မှ ဖျက်ဆီးယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

"ဆိုင်ရှေ့ကပစ္စည်းတွေ အမိုးအကာနဲ့ ဈေးတင်ရောင်းတဲ့ခုံတွေပါ လာဖျက်ပြီး သိမ်းတဲ့အင်အားက စစ်ကောင်စီတွေက ၈ ကောင် ၁၀ ကောင်လောက်နဲ့ စည်ပင်လဲ ၁၀ ယောက်လောက်ပါမယ်၊ အခုထိရှိနေတုန်းပဲ၊ တခြားနေရာတွေလည်း လာသိမ်းနိုင်ပါတယ်" ဟု တောင်ဥက္ကလာမြို့ခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

အဆိုပါ တောင်ဥက္ကလာမြို့နယ်ရှိ နန္ဒဝင်ဈေးရှေ့ ဆိုင်ခန်းများ အပါအဝင် နန္ဒဝင်ဈေး၊ မြင်သာဈေးနှင့် ၆ ရပ်ကွက် ပုဏ္ဏမီဈေးစသည့် ဈေးကြီး ဈေးငယ်များမှာ ယနေ့ တိတ်ဆိတ်ငြိမ်သက်ခြင်း (Silent Strike) တွင်ပါဝင်ကြ၍ ဆိုင်များပိတ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required