ဒီဇင်ဘာ ၈
မွန်ပြည်နယ်၊ သထုံမြို့ သိမ်ဆိပ်လေးကေ လမ်းပေါ်ရှိ၊ ထုံးဘိုကြီးကျေးရွာ အနီးတွင် စစ်ကောင်စီ၏ ခြေလျင်တပ်အား ဒီဇင်ဘာလ ၆ ရက် မနက် ၈ နာရီခန့်တွင် KNU/KNLA တပ်မဟာ(၁)၊ သထုံ ပြည်သူ့ပြောက်ကျား (TPG) အဖွဲ့နှင့် သထုံမြို့ပြစစ်ဆင်ရေး အထူးတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း TPG အဖွဲ့က ပြောသည်။
"သူတို့က ခြေလျင်လာတာ၊ အင်အားက ၂၀ လောက်တော့ရှိမယ်၊ နှစ်ယောက်သေတယ်၊ နှစ်ယောက်က ခြေထောက်ပြတ်သွားတယ်" ဟု သထုံပြည်သူ့ပြောက်ကျားအဖွဲ့ (TPG) တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း သထုံမြို့နယ်၊ ပိန္နဲတောလမ်းပေါ်ရှိ ထုံးဘိုလေးရွာနှင့် ထုံးဘိုကြီးရွာကြားတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံခဲ့ရသေးသည်။