မန္တလေးရှိ ဒုရဲချုပ် အောင်နိုင်သူ နေအိမ် ဗုံးပစ်ခံရ

မန္တလေးရှိ ဒုရဲချုပ် အောင်နိုင်သူ နေအိမ် ဗုံးပစ်ခံရ

ဒီဇင်ဘာ ၇

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  ဒုရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို ယမန်နေ့  ဒီဇင်ဘာလ ၆ ရက် ညနေပိုင်းတွင် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (Mandalay PDF) က သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် အောင်မြေသာစံ မြိုနယ် ၁၄ လမ်းနှင့် ၈၇ လမ်းဝန်းကျင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုရဲချုပ် အောင်နိုင်သူ၏ နေအိမ်ကို ဗုံးဖြင့် ပစ်ခဲ့ပြီး နေအိမ်ခြံဝင်း အတွင်းရှိ မော်တော်ယာဉ် တချို့ ထိခိုက်ပျက်စီးကာ လူထိခိုက်မှု ရှိ၊ မရှိ မသိရကြောင်း ဖော်ပြထားသည်။

"အောင်မြေသာစံ နှင်းဆီခြံဘက်က အိမ်ကို ဗုံးပစ်ခံရတာပါ။ ဟုတ်ပါတယ်။ လူထိခိုက် တာတွေတော့ မရှိပါဘူး" ဟု ဒုရဲချုပ်နှင့် နီးစပ်သည့် အသိုင်းအဝန်းမှ အမည်မဖော်လိုသူ တစ်ဦးကလည်း အတည်ပြုသည်။

ယခု တိုက်ခိုက်မှုသည် ရန်ကုန် ကြည့်မြင်တိုင် ဆန္ဒပြပွဲတွင် လူငယ်များ ကားဖြင့်တိုက်သတ်ခံရမှု အတွက် လက်တုံ့ပြန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required