The Marvel Universe ဇာတ်ကားတွင် စူပါဟီးရိုးနေရာမှ ပါဝင်သရုပ်ဆောင်ရန် သတင်းများ ထွက်ပေါ်နေတဲ့ ဘီယွန်စေး

The Marvel Universe ဇာတ်ကားတွင် စူပါဟီးရိုးနေရာမှ ပါဝင်သရုပ်ဆောင်ရန် သတင်းများ ထွက်ပေါ်နေတဲ့ ဘီယွန်စေး

ကွန်တက်မြူးဇစ် (လော့စ်အိန်ဂျလိစ်)။ ။ နာမည်ကျော် အဆိုတော် ဘီယွန်စေးသည် ရုပ်ရှင်လောကနှင့် ခြောက်နှစ်
ကျော်ကြာ အဆက်ပြတ်ခဲ့ပြီးနောက် Marvel Universe ဇာတ်ကားတွင် စူပါဟီးရိုးနေရာမှ ပါဝင်သရုပ်ဆောင်ရန်
ပြင်ဆင်နေသည်။

ဘီယွန်စေးသည် Marvel နှင့် Disney ကုမ္ပဏီပိုင်ရှင်တို့နှင့် မကြာမီထုတ်လွှင့်ပြသမည့် အဆိုပါ ဇာတ်ကားနှင့် စပ်လျဉ်း၍
ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် စူပါဟီးရိုးနေရာမှ ပါဝင်သရုပ်ဆောင်ရန် ယခုအချိန်ထိ မဆုံးဖြတ်ရသေးပေ။

ဘီယွန်စေးသည်  စကားလက်ဂျိုဟန်ဆန်နှင့် အဲလီဇဘက်အိုလ်ဆန်တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့ပါက အထူးသဖြင့် ဘီယွန်စေး၏ ကျော်ကြားမှုက ထုတ်လုပ်သည့် ကုမ္ပဏီအတွက် ပရိတ်သတ် သန်းချီ ရရှိနိုင်မည်ဖြစ်ကြောင်း ထုတ်လုပ်သူများက ပြောကြားသည်။

The Avenger ဇာတ်ကား၏ အပိုင်းသစ်သည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်တွင် ပြသရန် စီစဉ်ထားသည့် Infinity War ဇာတ်ကား အပိုင်းတစ်နှင့် အပိုင်းနှစ်ဖြစ်လာမည် ဖြစ်သည်။ "ကျွန်တော်တို့ဟာ ဘီယွန်စေးကို ချစ်ပါတယ်။ ဘီယွန်စေးဟာ Marvelရဲ့ ဇာတ်ကားမှာ မျက်နှာသစ် သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မှာ ကျိန်းသေသလောက်နီးပါး ရှိပါတယ်” ဟု Disney ကုမ္ပဏီမှ ဖြန့်ချိရေး ထိပ်တန်းအလုပ် အမှုဆောင်က Daily Star ကို ပြောကြားခဲ့သည်။

ဘီယွန်စေးသည် ၂၀၀၁ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် မကြာသေးမီ
နှစ်များက ၎င်း၏ သရုပ်ဆောင်မှုများသည် လူကြိုက်များမှု ရှိခဲ့သည်။

၂၀၀၆ ခုနှစ်က ဘီယွန်စေးသည် Draemgirls ဇာတ်ကားဖြင့် ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပြီး ၎င်းပါဝင် သရုပ်ဆောင်ခဲ့သော Austin Powers in Goldmember နှင့် Pink Panther ဇာတ်ကားတို့သည်လည်း အောင်မြင်မှု ရရှိခဲ့သည်။

ဘီယွန်းစေးသည် ၂၀၀၉ ခုနှစ်က Obsessed ဇာတ်ကားတွင် နောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly