သိမ်းဆည်းမိသည့် စစ်ကောင်စီ သင်္ဘောပါ စက်သုံးဆီများကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်က ကျေးရွာများသို့ ခွဲဝေပေး

သိမ်းဆည်းမိသည့် စစ်ကောင်စီ သင်္ဘောပါ စက်သုံးဆီများကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်က ကျေးရွာများသို့ ခွဲဝေပေး
ပုံစာ- သိမ်းဆည်းရမိသည့် စစ်ကောင်စီရဲ့ ရွှေဂျိုးဖြူဆီသဘ်ောနှင့်BOC

ဒီဇင်ဘာ ၅

ချင်းတွင်းမြစ်အတွင်း သိမ်းဆည်းမိသည့် စစ်ကောင်စီ၏ ဆီတင်သင်္ဘော နှစ်စီးပေါ်တွင် ပါလာသော စက်သုံးဆီများကို ကျေးရွာ တစ်ရွာလျှင် နှစ်ပေပါနှုန်းဖြင့် ခွဲဝေပေးခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဝေတာကတော့ စက်သုံးဆီတွေကို တစ်ရွာကို နှစ်ပေပါ နှုန်းနဲ့ပါ။ စာရင်းကတော့ အခုထိ လုပ်နေတုန်းပဲ ရှိသေးတယ်။ ကျေးရွာ နာမည်တွေတော့ ပြောပြလို့ မရပါဘူး။ သင်္ဘောနှစ်စီးလုံးမှာ စက်သုံးဆီပဲ ပါတယ်။ ကျန်တာက သင်္ဘောပစ္စည်းအချို့ပါ” ဟု CDSOM အဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် စစ်ကောင်စီပိုင် ဆီတင်သင်္ဘောများ ဖြစ်သော ရွှေဂျိုးဖြူ ဆီသင်္ဘော နှင့် BOC သင်္ဘောတို့ကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက မြောင်မြို့နယ်အတွင်းသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေ၍ ဖမ်းဆီးရမိထားသည့် သင်္ဘောနှစ်စီးကို ချင်းတွင်းမြစ် တစ်နေရာ၌ ကျောက်ချထားသည်ဟု ဆိုသည်။

မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့သည် မြောင်မြို့နယ်အတွင်း မြို့အဝင် အထွက် နေရာ ငါးနေရာကို ထိန်းချုပ်ထားပြီး အဆိုပါ နေရာများသို့ ဖြတ်သန်းလာသည့် စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ထုတ်ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required