ခင်ပွန်းဟောင်းထံမှ ကလေးကို တရားမဝင် ပြန်ခေါ်ဆောင်မှှုဖြင့် မလေးရှားတွင် ထိန်းသိမ်းခံခဲ့ရသော မင်းသမီး Szonert သြစတြေးလျသို့ ပြန်နိုင်ပြီ

ခင်ပွန်းဟောင်းထံမှ ကလေးကို တရားမဝင် ပြန်ခေါ်ဆောင်မှှုဖြင့် မလေးရှားတွင် ထိန်းသိမ်းခံခဲ့ရသော မင်းသမီး Szonert သြစတြေးလျသို့ ပြန်နိုင်ပြီ

Neighbours ဇာတ်ကားထဲမှ မင်းသမီး Eliza Szonert သည် ခင်ပွန်းဟောင်းထံမှ ကလေးကို တရားမဝင် ပြန်လည်ခေါ်ဆောင်မှှုဖြင့် မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသော်လည်း ယခုအခါတွင် သြစတြေးလျသို့ ပြန်နိုင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ဆိုသည်။

ကလေးအား အုပ်ထိန်းခွင့်ရရေးနှင့် ပတ်သတ်၍ မင်းသမီး Eliza Szonert နှင့် စီးပွားရေးလုပ် ငန်းရှင် Ashley Crick တို့အကြား အငြင်းပွါးခဲ့ကြရပြီး၊ မင်းသမီးသည် ကလေး ပြန်လည်ခေါ်ဆောင် ပေးရေး အေဂျင်စီတစ်ခု၏ အကူအညီဖြင့် သူ၏ သားကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြန်လည် ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

မင်းသမီးသည် ကလေးရှိသည့်နေရာကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သဖြင့် ပြီးခဲ့သည့် အပတ်တွင် ရဲများက သူ့အား ထိန်းသိမ်း ချုပ်နှောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် သူ့အား သားဖြစ်သူနှင့်အတူ မလေးရှားမှ ထွက်ခွာခွင့် ပေးလိုက်ပြီဖြစ်ကာ၊ သူ့အပေါ် စွဲချက်လည်း မတင်ခဲ့ပေ။

“သူ့သားနဲ့အတူ အိမ်ပြန်ဖို့ မလေးရှားကနေ ထွက်ခွာနိုင်ပါပြီ။ ဒီကိစ္စကို ကျွန်တော်တို့ စုံစမ်း စစ်ဆေးခဲ့ပါတယ်။ သူ့အပေါ် စွဲချက်မတင်ဖို့ လက်ထောက် အစိုးရရှေ့နေက ဆုံးဖြတ်ခဲ့ပါတယ်” ဟု ကွာလာလမ်ပူ ရဲတပ်ဖွဲ့ အကြီးအကဲက ဆိုသည်။

မင်းသမီးက သားဖြစ်သူအား ကွာလာလမ်ပူရှိ စားသောက်ဆိုင် တစ်ဆိုင်သို့ ပြန်လည်ခေါ် ဆောင်သွားသည့် ဗွီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ရာမှ အငြင်းပွါးမှှုများ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

မလေးရှား အခြေစိုက် ဗွီဒီယို လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်လျက်ရှိသော မစ္စတာ Crick သည် ကလေးအား အုပ်ထိန်းခွင့် ရရေးအတွက် တရားရင်ဆိုင်ရန် သြစတြေးလျသို့ ပြန်သွားခဲ့ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

မင်းသမီး Szonert အား ကူညီခဲ့သော သြစတြေးလျ ကလေး ပြန်လည် ခေါ်ဆောင်ပေးရေး အေဂျင်စီမှာ အငြင်းပွါးဖွယ် အဖွဲ့တစ်ခုဖြစ်သည်။ မင်းသမီး Szonert သြစတြေးလျသို့ ပြန်ခွင့် ရပြီဖြစ်၍ နောက်ထပ် အောင်မြင်သော ပြန်လည်ခေါ်ဆောင်ပေးမှှု တစ်ခုဖြစ်ကြောင်း ကလေး ပြန်လည် ခေါ်ဆောင်ပေးရေး အေဂျင်စီ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly