တောင်ကိုရီးယားတွင် လူကြိုက်များမှု ရရှိထားသည့် တောင်တတ်သမားများအကြောင်း ရိုက်ကူးထားသော “The Himalayas” ဇာတ်ကားကို ယခုသီတင်းပတ်တွင် လော့စ်အိန်ဂျလိစ်မြို့၌ ပထမဆုံးအကြိမ် ပြသသွားမည်ဖြစ်ကြောင်း ဇာတ်ကား ဖြန့်ချိသူက ပြောကြားသည်။
ယင်းဇာတ်ကားသည် ၂၀၀၅ ခုနှစ်က ဟိမဝန္တာတောင်တွင် တောင်ကိုရီးယား တောင်တတ်သ မားများက အဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေသည့် ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံကာ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့တွင် CGV ScreenX ရုပ်ရှင်ရုံ၌ ပြသသွား မည်ဖြစ်ကြောင်း CJ CGV က ပြောကြားသည်။
ကြည့်ရှုသူများ ဟိမဝန္တာတောင် ဇာတ်လမ်း ပြကွက်များကို ကြည်လင်ပြတ်သားစွာ ကြည့်ရှု နိုင်ရန် ScreenX နည်းပညာကို အသုံးပြုကာ ၂၅ မိနစ်မှ မိနစ် ၃၀ စာကို တင်ဆက်ပြသသွားမည် ဖြစ်ကြောင်း ယင်းဇာတ်ကားသည် မိနစ် ၁၂၄ မိနစ်စာ ကြာမြင့်ကြောင်း CGV က ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံတွင် ယင်းဇာတ်ကားကို ခရစ္စမတ်နေ့၌ ကြည့်ရှုသူ ၇၄၆,၄၁၃ ဦး စံချိန်တင် ကြည့်ရှုခဲ့ကြောင်းနှင့် ဒီဇင်ဘာ ၁၆ ရက်က ဇာတ်ကား ထုတ်လွှင့်ပြသခဲ့သည့် အချိန်မှစ၍ ကြည့်ရှုသူ ၄ သန်းဖြင့် စံချိန် ချိုးခဲ့သည်။