ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကျပ်စွာချထား

ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လုံခြုံရေးတင်းကျပ်စွာချထား

ဒီဇင်ဘာ ၄

ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် စစ်သား၊ ရဲနှင့် ယာဉ်ထိန်းရဲများ အင်အား အများအပြား လုံခြုံရေးယူထားသည်ကို ယနေ့ ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းအချိန်က စ၍ မြင်တွေ့ရသည်။

ရန်ကုန်မြို့ နေရာများစွာ၌ မှတ်တိုင်တစ်ခုစာ အကွာအဝေးစီနှင့် မီးပွိုင့်တိုင်း လိုလိုတွင် အင်အား ငါးဦးမှ ခုနစ်ဦးအထိ အစုအဖွဲ့နှင့် စောင့်ကြပ်နေခြင်း ဖြစ်သည်။

ရန်ကင်းမြို့နယ် နှင့် ဗဟန်းမြို့နယ်တို့တွင်လည်း စစ်ကား၊ ရဲကားတို့ဖြင့် ကင်းလှည့်နေသည်ကိုတွေ့ခဲ့ရပြီး လမ်းတစ်ဖက်စီတွင် ကင်းပုန်းများ ချထားသေးသည်။

" ဒီနေ့ ရန်ကင်း ဘောက်ထော်က မင်းအောင်လှိုင် ပိုင်တဲ့ဆေးရုံ (မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံ) ကို ခပ်ကြီးကြီးထဲက တစ်ယောက် လာမယ် ကြားတယ်။ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် လာမယ်လည်း ကြားတယ်။ အဲ့တော့ ဆေးရုံရှေ့က လမ်းကို ပိတ်ထားလိုက်တယ်။ လမ်းပိတ်ရုံတင် မဟုတ်ဘူး။ နေရာအနှံ့ အင်အားအပြည့်နဲ့ကို ကင်းလှည့်နေတာ။ စစ်တာ ဆေးတာတော့ မတွေ့သေးပေမဲ့ ဝတ်စုံပြည့် လက်နက်ပြည့်နဲ့ကို ပတ်နေတာ တွေ့ခဲ့ရတယ်" ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးက မဇ္ဈိမကို ဆက်သွယ် သတင်းပို့သည်။

ကံဘဲ့လမ်း ၊ မိုးကောင်းလမ်း၊ သစ္စာလမ်း၊ ကျောက်ကုန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဓမ္မစေတီလမ်းစသည့် လမ်းမများပေါ်တွင် စစ်ကား ၊ရဲကားများ ရပ်ထားကာ လုံခြုံရေး ချထားမှုကြောင့် ယာဉ်လမ်းကြော ပိတ်ဆို့မှုများလည်း ရှိနေသည်။

ပုံစာ- ရန်ကုန်မြို့နယ် ယနေ့ နေ့လယ်ပိုင်း ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရသည့် မြင်ကွင်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly