မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးနေ

မန္တလေးမြို့ပေါ်တွင် စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးနေ

ဒီဇင်ဘာ ၂

မန္တလေးမြို့က PDF အဖွဲ့တစ်ခုအား စစ်ကောင်စီက ဖမ်းမိခဲ့ပြီးနောက် ယနေ့မနက်ပိုင်းကစပြီး လမ်းတိုင်းတွင် အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

မန္တလေးမြို့ရှိ အဓိက လမ်းမကြီးများတွင်သာမက လမ်းသွယ်များအထိ အင်အားအလုံးအရင်းနှင့် ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

"ပုံမှန်ထက် နေရာတွေ ပိုတိုးစစ်လာတယ်။ တစ်မြို့လုံးနီးပါးကို တစ်နေရာ အင်အား ၂၀ လောက်နဲ့ စစ်နေတာဗျ" ဟု မန္တလေးမြို့ခံတစ်ဦးက ဆိုသည်။

နာမည်ကျော် မန္တလေး ဈေးချိုတော်အနီး ၈၄ လမ်းပေါ်တွင်လည်း ယောက်ျားလေးလေး နှစ်ဦး စီးသည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဆိုင်ကယ်အရေအတွက် ၃၀ ဝန်းကျင်အထိရှိနေပြီ ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရုံးထောင့်၊ ၇၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ အရက်ဘားတစ်ခုတွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၃ ဦး ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်နေခြင်းဖြစ်သည်။

အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်များကို ခေါင်းတွင် အိတ်အမဲများစွပ်ကာ ရိုက်နှက် ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု မျက်မြင် တွေ့ရှိသူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly