နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၆ ချက်ဖြင့် အတည်ပြု

နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြံုရေးဆိုင်ရာ ဥပဒေကြမ်းအား ပြင်ဆင်ချက် ၁၆ ချက်ဖြင့် အတည်ပြု
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူက နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန် အရ ဆောင်ရွက်ချက်များကိုအကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်း နှင့် အရေးယူခြင်းတို ့မရှိစေရ ။ ဆိုသည့် ပြဌာန်းချက်ပယ်ဖျက်ပေးရန်တောင်းဆိုခဲ့သည် မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း

နေပြည်တော်၊ဒီဇင်ဘာ ၃၁ ။            ။ ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းခဲ့သည့် နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက် ၁၃ ချက်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ပြင်ဆင်ချက် ၃ ချက်၊ ဖြည့်စွက်ချက် ၁ ချက် စုစုပေါင်း ပြင်ဆင်ချက် ၁၆ ချက် ၊ ဖြည့်စွက်ချက် ၁ ခုဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြုပေးလိုက်သည်။

နိုင်ငံတော်သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန်အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်းအား တရားစွဲဆိုခြင်းနှင့် အရေးယူခြင်းမရှိစေရ ဆိုသည့် ဥပဒေကြမ်း၏ အဆိုပြုချက် အခန်း (၄) အပိုဒ် (၁၀) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပုဒ်မ (၃၇၃) အရပယ်ဖျက်ပေးရန် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက တင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၇၃) တွင် “ ပြစ်မှုကျူးလွန်သူမည်သူကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာဥပဒေ အရသာပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင်ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ ။” ဟုပါရှိခြင်းဖြစ်သည်။

ဦးဖေသန်း၏ ပယ်ဖျက်ပေးရန်တင်ပြချက်အပေါ် ပြည်ထဲရေးဝန်ကြီး ဌာနက ပယ်ဖျက်ရန်မသင့်ကြောင်း နှင့် “ ဥပဒေ နှင့် အညီ ” ဆိုသည့် ဖြည့်စွက်ချက် ထည့်သွင်းပေးရန်လည်းကောင်း ၊ ကာကွယ်ရေးဝန်ကြီးဌာနက မူလအတိုင်း အတည်ပြုရန် လည်းကောင်း ၊ ဥပဒေကြမ်းကော်မတီက ပြည်ထဲရေး ဝန်ကြီးဌာန၏ ပြင်ဆင်ချက်အတိုင်းအတည်ပြုသင့်ကြောင်း သဘောထား မှတ်ချက်ပေးခဲ့သည်။
 
နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အခန်း (၄) အပိုဒ် (၁၀) ၏ မူလအဆိုပြုချက်ဖြစ်သည့် “ နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန် အရ ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်အား တရားစွဲဆိုခြင်း နှင့် အရေးယူခြင်းမရှိစေရ ” ဆိုသည့်အစား ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြည့်စွက်ချက်ဖြစ်သည့် “ နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တာဝန် အရ " ဥပဒေနှင့်အညီ " ဆောင်ရွက်ချက်များကို အကြောင်းပြုလျက် ယင်အား တရားစွဲဆိုခြင်း နှင့် အရေးယူခြင်းမရှိစေရ ” ဟု အတည်ပြုပေးခဲ့သည်။

ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအရ နိုင်ငံတော်သမ္မတက သူ၏ကိုယ်ရံတော်အဖြစ် အမည်စာရင်းတင်သွင်းသူတစ်ဦးကို ပြည်ထဲရေးဝန်ကြီးဌာနက ညှိုနှိုင်းခန့်အပ်ရမည်ဖြစ်ပြီး ကိုယ်ရံတော်၏ လစာနှင့်စာရိတ်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ဘဏ္ဍာရန်ပုံငွေမှ ကျခံရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly